ကုဋေရှိန်ဝါပိုင် ရဲ့ အရှိန်ဝါရှိလွန်းလှတဲ့ အသံကြီး ဟာ မင်္ဂလာခန်းမကြီး တစ်ခုလုံးသို့ ဟိန်းညံသွား၏။ မိမိ ရဲ့ ဇနီးလေးရှိရာသို့ တစ်လှမ်းစီ တစ်လှမ်းစီ ကြွကြွလေးလျှောက်လာကာ …
“လွမ်းယွန်း ….. ကိုယ်တို့ မိသားစုလေးဆီ ပြန်လာခဲ့ပါနော် ….. သားနဲ့ သမီး အတွက် အမေဆိုတာ လိုအပ်တယ် …. ကိုယ့် တွက်လည်း ….လွမ်းယွန်း … မင်း ကို လိုအပ်တယ် ……..🥺🥺🥺”
လွမ်းယွန်း ရဲ့ မျက်ဝန်းထဲ၌ သူမ ရဲ့ ဝမ်းနည်းမှု ၊ နာကျင်မှု များ အားလုံးကို အထင်းသားပေါ်လွင်နေတော့သည်။
“မင်း …ဟမ်းးး …ငါ့ မင်္ဂလာဆောင်ကို ဘာလာလုပ်တာလဲ ……”
စစ်မင်းပိုင် တစ်ယောက် ကုဋေ့ ရဲ့ ရင်ဘတ်အားတွန်းထုတ်လိုက်သည်။ ကုဋေ့မှာ အမှတ်မရှိ ။ လွမ်းယွန်း နားသို့ ဆက်သွားကား သူမ ရဲ့ လက်ဖဝါးနုနုလေးအား ဆုတ်ကိုင်လိုက်သည်။
“ လွမ်းယွန်း ……. ကိုယ်တို့ဆီ ပြန်လာပါနော် ……… ကိုယ်မင်းကို နောက်ထပ်အဆုံးရှုံးမခံချင်ဘူး … ကိုယ် မင်း ကို သိပ်ချစ်တယ် ….”
မျက်ဝန်းထဲက ကုဋေ့ ရဲ့ နာကျင်မှုတွေဟာ သူ၏ စိတ်ကို မီးတောင်သဖွယ် လောင်မြိုက်နေစေသည်။ လုံခြုံရေး ဦးလေးကြီးများလည်း ခန်းမထဲသို့ ဝင်လာကြသည်။ စစ်မင်းပိုင်မှာလည်း လွမ်းယွန်း လက်ကို ဆုတ်ကိုင်ထားတဲ့ ကုဋေ့ ရဲ့ လက်တွေကို ကြားမှ ဆွဲယူဖြုတ်ချလိုက်သည်။
“မင်း ထွက်သွားတော့ ……..”
“ ငါ့မိန်းမ မပါဘဲ ငါမသွားနိုင်ဘူး … လွမ်းယွန်း က ငါ့ဇနီး …..”
“ မင်း ရူးနေလား? ….. လွမ်းယွန်း က သေပီ ……”
“ ဟွန့် ……………
Suite ထဲမှ စာရွက်တစ်ခုအား ထုတ်ယူလိုက်သည်။ ထိုစာရွက်အား ကိုင်တွယ်ရင်း …..
“ မင်း ယူမယ် ဆိုတဲ့ မိန်းကလေးက ….ငါ့ကလေးတွေ ရဲ့ အမေ ပဲ …..ရော့ ကြည့် …”
ထိုစာရွက်အား စစ်မင်းပိုင် လက်ထဲသို့ ပေးရန် ကမ်းလိုက်သည်။ စစ်မင်းပိုင် မျက်နှာလွှဲ၍ မယူပါ။ ကြားမှ လွမ်းယွန်းသာ ကောက်ယူလိုက်သည်။ ထိုစာရွက်ထဲတွင် လွမ်းဖြိုးနဲ့ လွမ်းမိုး လေးတို့မောင်နှမ ရဲ့ ဗီဇ နဲ့ ကိုက်ညီကြောင်း တွေ့ရသဖြင့် လွမ်းယွန်း လည်း ရှောခ့် ရသွားရပြန်သည်။