အချစ်ကကြမ်းတယ်
အပိုင်း၂
"""ရမ္မက်မေ တဲ့လား """
သူမ နမည်လေးကို တိုးတိုးလေးရွတ်ဆိုလိုက်ရင် ကျနော်တို့အိမ်အပေါ်ထပ်ကနေလှမ်းကြည့်လိုက်ရင် မြင်နေရတဲ့ သူမအခန်းကိုကြည့်ရင်းဖြင့်••••။"""ရမ္မက်မေ """
ဘယ်လိုသဘောမျိုးနဲ့ သူမမိဘတွေ ဒီနာမည်ကိုပေးခဲ့
လည်း မသိဘူး ၊ သူမလိုနာမည်မျိုးကတော့ ထူးခြားသည် ၊ တစ်ရာမှာ တစ်ယောက်မရှိတဲ့ နာမည်မျိုး ။ နာမည်တင်ထူးခြားတာမျိုး မဟုတ်ပဲ သူမရဲ့ မိန်းမ မဆန်လှတဲ့ ပြုမှုပုံလေးတွေကပါ စိတ်ဝင်စားစရာ ။သူမအခန်းက နေ့ခင်းဘက်မို့ပြတင်းပေါက် ဖွင့်ထားသဖြင့် ကျွန်တော် အိမ်အပေါ်ထပ်ကနေ လှမ်းကြည့်ရင် အတိုင်းသားမြင်ရသည် ။ သူမခြံနဲ့ ကျွန်တော် ခြံအကြား အကိုင်းအခက်တွေနဲ့ ဝေဆာနေတဲ့ သရက်ပင်ကြီးက သူမအခန်းအပေါ်ထပ်ကို တတ်ဖို့ လှေခါးတစ်ခု ဖြစ်နေသည်။
"""ဟျောင့် •••ပုဏ္ဏဂ
မင်းဘာတွေ အဲ့လောက်ကြည့်နေတာလဲကွ ။
မင်း တခြားမိန်းမတွေအပေါ် ရိုင်းတာ အကြောင်းတော့
မဟုတ်ပေမဲ့ ၊ ဟိုဘက်အိမ်ကလူတွေအပေါ်တော့
ကောင်းကောင်းမွန်မွန်ဆက်ဆံပါကွာ ။
သူတို့က အခုမှပြောင်းလာတဲ့ လူတွေဆိုတော့
အားကိုးစရာ ယောင်္ကျားသားဆိုလို့ မင်းတို့ငါ့တို့ပဲ ရှိတာ """"""နားညည်းလိုက်တာ ရာဇာရာ
မင်းကလည်း ငါ့အဖေရဲ့ လူယုံလို့မပြောရဘူး
ငါ့အဖေ လေသံအတိုင်း လိုက်ပြောမနေနဲ့ ။
ကြာရင် မင်းမျက်ခွက်ကို ဆွဲထိုးမိလိမ့်မယ် """ပုဏ္ဏဂ စကားကြောင့် ရာဇ သက်ပြင်း ချမိတော့သည်။
အဖေက စော်ဘွားမျိုး ကြီးကြီးတတ် ချမ်းသာပါလျှက်နဲ့ အဖေအိမ်ပေါ်ကဆင်းပြီး အဖေကို အရွဲ့တိုက် သိက္ခာချချင်တဲ့စိတ်နဲ့ ကြေးစားလူမိုက်လူရမ်းကားတစ်ယောက်ဖြစ်အောင် ကိုယ့်ဘဝကို ဖျက်ဆီးနေတဲ့ ပုဏ္ဏဂ ။"""ဒါနဲ့ •••ဟိုလေ """
အတွေးတွေ ရပ်ပြီး သူအမေ အမှာစကားပါးလိုက်တာကို
ပုဏ္ဏဂအား ပြောဖို့ ကျွန်တော်တွန့်ဆုတ်နေမိသည်။
ထိုစကားကိုပြောလျှင် ပုဏ္ဏဂ
ကျွန်တော်အားသေချာပေါက် အထိုးခံ
အကန်ခံရမှာကို သိနေလို့လဲ ဖြစ်သည်။
YOU ARE READING
အချစ်က ကြမ်းတယ်
Romanceမြို့တစ်ခုမှာ အမှတ်မထင်စုံပြီး မှားယွင်းခဲ့ကြတဲ့ သူတို့ နှစ်အတော်ကြာလို့ ပြန်တွေ့ချိန်မှာ သူမဟာ ကျနော့်သူငယ်ချင်းရဲ့ ဇနီး ကလေးအမြွှာလေးတွေရဲ့ အမေ အဖြစ်နဲ့ပေါ့ •••။