Part 11

2.2K 44 0
                                    

အချစ်ကကြမ်းတယ်

အပိုင်း၁၁

"""ဆရာ ကိုရာဇ ။
ဆရာနဲ့တွေဖို့ဆိုပြီး အမျိုးသမီးဧည့်သည်တစ်ယောက်
ယောက်နေရောက်ပါတယ် ။
ဆေးရုံ အပေါ်ထပ်က လသာဆောင်မှာ
စောင့်နေပါမယ်လို့ ပြောတယ် ဆရာ"""

ဆိုတဲ့ အလုပ်သင်ဆရာဝန်မလေး စကားကြောင့် ခွဲစိတ်ခန်းကထွက်လာပြီးတာနဲ့ လသာဆောင်ပေါ် အပြေးအလွှား ရောက်လာလေတော့သည်။

""""ညီမလေးနီ """

ကျွန်တော်ရင်ထဲက ချစ်ဦးသူ ညီမလေး နေဝင်နီ ၊ ကျွန်တော်ရောက်နေမှန်း မသိပဲ ကျောခိုင်းပြီး တိမ်တွေကို လွမ်းလွမ်းဆွေးဆွေးနဲ့ မော့ကြည့်နေတဲ့ သူမ ။ နေဝင်နီ ဆိုတဲ့ သူမကို ကလေးဘဝကတည်းက ညီမလေးတစ်ယောက်လို ချစ်မိခဲ့ရာ ကနေ ကျွန်တော်ရဲ့ ဘဝလက်တွဲဖော်လည်း သူမကိုပဲ ဖြစ်စေချင်ခဲ့တာပါ ။ အဆင့်အတန်းတွေ မတူတာက တစ်မျိုး သူဌေးကြီး ဦးဒေဝက သူသားပုဏ္ဏဂ နဲ့ ညီမလေးနီကို တစ်နေ့လက်ထပ်ပေးမယ်လို့ ကြော်ငြာလိုက်တော့ ကျွန်တော်ရဲ့ အချစ်တွေက ကျေးဇူးဆိုတဲ့ စကားရဲ့အောက်မှာ ပြားပြားဝပ်သွားခဲ့ရတယ် ။

"""ဟယ် •••ကိုဇ အဲ့ ကိုရာဇ
ရောက်နေတာလည်း မပြောဘူး ၊
နီငေးနေတာမတွေ့လိုက်ဘူး ။
နီ မပြောမဆိုနဲ့ရောက်လာလို့ အနှောက်ရှုပ်များ ဖြစ်နေလား""

ယောင်္ကျားကြိုက်တော့ ဆိုက်ဆိုက်လာ မိန်းမကြိုက်တော့ မျှော်လိုက်တာ ဆိုတဲ့စကားပုံက နီကြောင့်နဲ့ ပျက်ပြီးထင်တယ်။ သိစိတ်က မိန်းမနဲ့ ကလေးတွေ ရှိနေတဲ့ အမျိုးသားနဲ့
မပက်သက်ဖို့ ကြိုးစားပေမဲ့ မသိစိတ်က ကိုဇ ရှေ့ကို အရောက်လာဖို့ တွန်းအားပေးနေလို့ နေဝင်နီ ကိုဇ ဆီရောက်လာရခြင်းဖြစ်သည်။

"""ညီမလေး နီရယ် သူစိမ်းတွေမှ မဟုတ်တာ ။
အနှောက်အရှုပ်မဖြစ်ပါဘူး ၊ အကိုဘာကူညီပေးရမလဲ
ဘာလုပ်ပေးရမလဲ """

ကိုဇ ရယ် အခုချိန်ထိ သူများအဆောင်ပြေအောင် ဘာကူညီ ရမလဲအမြဲ စဥ်းစားနေတုန်းပဲလား ။ ကိုဇ ရဲ့ အဲ့လို အနစ်နာခံ ကျေးဇူး သိတတ်ခဲ့လို့ နီတို့ ချစ်ရက်နဲ့ ဝေးခဲ့ကြတာလေ ။
ကိုဇ မျက်နှာကို ကြည့်ပြီး ရင်ထဲက စကားတွေ ရင်ထဲမှာပဲ
ဆိုလိုက်မိသည်။

အချစ်က ကြမ်းတယ်Where stories live. Discover now