အချစ်ကကြမ်းတယ်
အပိုင်း၁၅
နောက်တပတ်ဆို ပုဏ္ဏဂ နဲ့ နေဝင်နီတို့ မင်္ဂလာလက်မှတ်ရေးထိုးပြီး ပင်လယ်မှာပဲ ညစာစားပွဲ ကျင်းပမည်ဖြစ်၍
အခုကတည်းက ပန်းပညာရှင် ၊ မိတ်ကပ်ပညာရှင် နဲ့
နှစ်ဖက်မိဘများမင်္ဂလာပွဲ အခမ်းအနားအတွက်ကြိုရောက်နေကြပြီးဖြစ်သည်။"""ကိုကို•••ကိုကိုဒယ်ဒီနဲ့ မာမီတို့ ရောက်နေလို့
အခန်းမှာ လာရှာသေးတယ် ၊ ကိုကို မတွေ့ဘူး
ဘယ်တွေ သွားနေတာလဲ """နီရဲ့ ဟိုတယ်အခန်း ဝရံတာကနေ ပင်လယ်ဘက်မျက်နှာမူပြီး
စီးကလပ်တစ်လိပ်ကို အေးအေးဆေးဆေးနဲ့ သောက်နေတဲ့
ပုဏ္ဏဂ ။"""နီကရော•••မနေ့က ဘယ်သွားတာလဲ ။
မနေ့ညက ညကြီးမိုးချုပ် ရာဇ နဲ့ကားတစ်စီးထဲ
အတူတူစီးပြီး ဘယ်ကပြန်လာကြတာလဲ
ဘာလဲ နီတို့နှစ်ယောက် ပြန်တွဲနေကြတာလား """သောက်နေတဲ့ စီးကလပ်တစ်လိပ်ကို အားရပါးရ တရှိုက်မတ်မတ်ရှိုက်ဖွာလိုက်ရင်းဖြင့် ကျွန်တော် နေဝင်နီအား မေးလိုက်လေတော့ သိသိသာသာမျက်နှာ ပျက်သွားတဲ့ သူမ။
"""ပုဏ္ဏဂ•••နင်ထင်သလိုတော့ မဟုတ်ပါဘူး """
"""ငါထင်သလို မဟုတ်ရင် ဘာတွေလဲဆိုတာ
ငါသိအောင် ရှင်းပြလေ ၊ အခု နင်ပုံစံက ဘယ်လိုလဲဆိုတော့
ရာဇ ကို အရွဲ့တိုက်ပြီး ငါနဲ့ လက်ထပ်မှာကို
နောင်တရနေတဲ့ ပုံမျိုး """"""ဟင် """
သူမဆီက ဟင် ဆိုတဲ့ ဖြေညှင်းတိုးတိတ်တဲ့ လေသံတိုးတိုးလေးက ဟုတ်တယ် ဟု ဝန်ခံနေသလိုပင်။
"""ငါထင်ထားတဲ့ အတိုင်း နင်တကယ်ပဲ
နောင်တရနေတာကို """""ငါတောင်းပန်ပါတယ် •••ပုဏ္ဏဂရယ်
ကိုဇ ကလွဲပြီး ငါဘယ်သူကိုမှ မချစ်နိုင်တော့လို့ပါ ။
အိမ်ထောင်ရှိမှန်း သိရက်နဲ့ ကိုဇ ကို လက်မလွှတ်နိုင်တဲ့
ငါကိုယ်ငါလည်း တကယ်စိတ်ပျက်မိတယ် """ခေါင်းကို အောက်စိုက်ကာ ရှက်စိတ် ၊ ဝမ်းနည်းစိတ်တို့
ကြောင့် ကျလာတဲ့ မျက်ရည်တွေကို လက်နဲ့ အလျှင်အမြန်ပဲ သုတ်ပစ်လိုက်ပေမဲ့ မငိုမိအောင် အံကိုခက်တင်းတင်းကြိတ်ထားလိုက်ပြီး ။
YOU ARE READING
အချစ်က ကြမ်းတယ်
Romanceမြို့တစ်ခုမှာ အမှတ်မထင်စုံပြီး မှားယွင်းခဲ့ကြတဲ့ သူတို့ နှစ်အတော်ကြာလို့ ပြန်တွေ့ချိန်မှာ သူမဟာ ကျနော့်သူငယ်ချင်းရဲ့ ဇနီး ကလေးအမြွှာလေးတွေရဲ့ အမေ အဖြစ်နဲ့ပေါ့ •••။