အချစ်ကကြမ်းတယ်
အပိုင်း၉
၆နှစ်ခန့်ကြာသော် ။
ရမ္မက် Collection မိတ်ဆက်ပွဲ အတွင်းမှာဖြစ်သည်။
ရမ္မက် စင်မြင့်အထက်ကို လှပကျော့ရှင်းစွာနဲ့ တတ်လာလိုက်ပြီး ၊ မိုက်ကို ကိုင်ကာ အောက်ပရိသတ်တွေကို စတင်နူတ်ဆက်လိုက်လေသည်။"""အားလုံးပဲ မင်္ဂလာပါ ။
ညီမကတော့ ရမ္မက် Collection ရဲ့ တည်တောင်သူ
ဒေါ်ရမ္မက်မေပဲ ဖြစ်ပါတယ် ။
ဦးစွာပထမအနေနဲ့ ရမ္မက်ရဲ့ ပွဲလေးကို အချိန်အခါ
မအားမလပ်တဲ့ကြားကနေ တတ်ရောက်ချီးမြင့်ပေးကြတဲ့
ပရိသတ်အပေါင်းနဲ့ မီဒီယာသမားတွေကို ရမ္မက်ကျေးဇူး
အထူးပဲ တင်ရှိပါတယ် လို့ပြောပါစေ ။
အခုက စပြီး မေးလိုသည့် မေးခွန်းများ
စတင်မေးလို့ ရပါပြီ """ရမ္မက် မီဒီယာ သမားတွေကို အင်တာဗျူးခွင့်ပေးလိုက်သည့်
နှင့် မီဒီယာသမားတစ်ယောက်က စတင်ပြီး မေးမြန်းလေသည်။"""မင်္ဂလာပါ အစ်မ။
ရမ္မက် Collection ဆိုတဲ့ နာမည်နဲ့
သဘာဝဆိုးဆေးချည့်ထည်တွေကို ကိုယ်ပိုင်ဒဇိုင်နဲ့ Brandထုတ်လုပ်
ရောင်းချနေတာက မြန်မာပြည်မှာတင် မဟုတ်ပဲ
အခုဆို နိုင်ငံတကာထိပါ ခြေဆန့်ဖြစ်ခဲ့ပုံလေးကို
ပြောပြပေးပါဦး ၊ """ရမ္မက် သဘောကျစွာနဲ့ ပြုံးလိုက်ပြီး မိုက်ကိုကိုင်ကာ။
"""ရမ္မက်က မြန်မာချည်ကို အရမ်းသဘောကြတဲ့
မန္တလေးသူ တစ်ယောက်ပါ ။ တက္ကသိုလ် စတတ်ကတည်းက
ရက္ကန်းမှာ သေချာယက်လုပ် ထားတဲ့ ချည်ထည်ပိတ်စတွေကို
ရမ္မက်ကိုတိုင် ဒဇိုင်တွင်းပြီး စမတ်ကျကျ အမြဲဝတ်ဆင်းရာကနေ ၊သဘာဝဆိုးဆေးကို စမ်းသပ်ပြီး ချည်ထည် ထုတ်လုပ်ရောင်းချဖို့ စိတ်ကူးမိခဲ့လို့ ။ စိတ်ကူးကို အကောင်ထည်ဖော်ရာ ကနေ အခုလိုအောင်မြင်လာပြီး နိုင်ငံခြားကို တင်ပို့တဲ့ အထိ ဖြစ်လာတာပါ။ """""""ဖြောင်း ••••ဖြောင်း •••ဖြောင်း """
ရမ္မက်ရဲ့ စကားအဆုံးမှာ အောက်မှာရှိတဲ့ ပရိသတ်တွေထံမှာ လက်ခုတ်တီးပြီး အားပေးသံများကြောင့် ရမ္မက်မှာ မျက်ရည်များပင် ဝဲလျှက်ပါပဲ ။
YOU ARE READING
အချစ်က ကြမ်းတယ်
Romanceမြို့တစ်ခုမှာ အမှတ်မထင်စုံပြီး မှားယွင်းခဲ့ကြတဲ့ သူတို့ နှစ်အတော်ကြာလို့ ပြန်တွေ့ချိန်မှာ သူမဟာ ကျနော့်သူငယ်ချင်းရဲ့ ဇနီး ကလေးအမြွှာလေးတွေရဲ့ အမေ အဖြစ်နဲ့ပေါ့ •••။