Part 12

2.2K 39 0
                                    

အချစ်ကကြမ်းတယ်

အပိုင်း၁၂

တောင်းရမ်းစေ့စပ်ပွဲနေ့ ။

ပုဏ္ဏဂ ရဲ့ ဒယ်ဒီနဲ့ မာမီက နေဝင်နီကို ရွှေတောင်ကြားက တိုက်နဲ့ခြံ ၊ နောက်ဆုံးပေါ်ပြိုင်ကား တစ်စီး ၊ Royal Group Share 50 % ၊ စိန်တဆင်စာ ၊ ပတ္တမြားတဆင်စာ ၊
ပထမဦးဆုံး မွေးမဲ့ ကလေးက သားဦးလေးဆို သိန်းတစ်သောင်းနဲ့ ကျောက်တွင်း တစ်တွင်း ၊ သမီး မိန်းခလေးဆို သိန်းတစ်သောင်းနဲ့ ဗိုလ်ချုပ်စျေးက နန်းကြာမူံ စိန်ဆိုင်
တစ်ဆိုင်တို့အား ပေးမည်ဖြစ်သည်။

"""လှလိုက်တာ နီရယ် ။
လှလိုက်တာကွာ ၊ မင်းဘဝလေးက ရွှေကို
ရွှေချင်းထပ်တော့ မြတ်သွားပြီပေါ့ကွာ။
အကိုနဲ့သာ ယူရင် မင်းက ခွဲစိတ်အထူးကု ဆရာဝန်ကြီး
ဒေါက်တာ ဦးရာဇ ဆိုတဲ့ဂုဏ် အပြင်တလ ၄သိန်း
နဲ့ သူမ ဘဝကို ဂုဏ်ငယ်စေခဲ့မှာ ။ အခုတော့ ညီမလေးနီ
ဘဝ တစ်ခုလုံး လက်ညိုးညွှန်းရာ ရေ ဖြစ်ခဲ့ပြီ """

ရမ္မက် ချုပ်ပေးထားတဲ့ ရွှေရောင် ချိတ်ဝမ်းဆက်လေးနဲ့သိပ်ကို ကြည့်ရကောင်းတဲ့ နေဝင်နီ ။ နောက်တွဲ ဆံထုံလေးကို ထုံးထားပြီး ပန်းမြတ်သဇင် ဆိုတဲ့ အတိုင်း သဇင်ပန်းတွေ ကို မြိုင်နေအောင် ပန်းဆင်ထားတဲ့ သူမ ၊ သူမ လည်တိုင် ကျော့ကျော့လေးမှာလည်း စိန်အရည်အသွေး တောက်ပနေတဲ့ စိန်ဘယက်ကြီး တစ်ကုံးတို့ဖြင့် ထည်ဝါစွာ ရှိနေသည်။

"""ကိုဇ ••• ကိုဇ•••နီကို အဲ့မျက်လုံးတွေနဲ့ မကြည့်ပါနဲ့။
မကြည့်ပါနဲ့ အကိုရယ် ၊ ဖြစ်နိုင်ရင် ဒီစေ့စပ်ပွဲကနေ နီကို
ခေါ်ထုတ်သွားပေးပါ့လား ။ နီ မှားပြီးလား •••နီမှားသွားပြီလား ကိုဇ ။ """

နေဝင်နီ လူကြီးတွေရဲ့ မင်္ဂလာပွဲ ဆွေးနွေးတ်ုင်ပင်နေတဲ့ အစီအစဥ်တွေကို ဘာတစ်ခုမှ စိတ်မဝင်စားချေ ။ ခန်းမ အလယ်မှာ နီကို ပီတီအပြုံးတွေနဲ့ ကြည့်နေတဲ့ ကိုဇ အား နီကြည့်လိုက်ပြီး ရင်ထဲက စကားဆိုနေမိသည်။

"""မမှားဘူး •••မမှားပါဘူး နီရယ် ။
ညီမလေး ရွေးချယ်တဲ့ လမ်းက မှန်ပါတယ် ၊ နီမှန်တယ် """

မင်္ဂလာစင်မြင့်ပေါ်က သူမနဲ့ စင်အောက်က ပရိသတ် ကျွန်တော်တို့ မျက်လုံးချင်းစကားပြောနေကြသည်။
ညီမလေးနီ သိလား အခုအခြေအနေက မင်းနဲ့ကိုရဲ့ ဘဝပဲ။
ညီမလေးနီ က စင်မြင့်ပေါ်က လူ အကိုက စင်အောက်က အရှုံးတွေနဲ့လူပါကွာ ။

အချစ်က ကြမ်းတယ်Where stories live. Discover now