Part 5

2.6K 47 0
                                    

အချစ်ကကြမ်းတယ်

အပိုင်း၅

အရက်သမားနှစ်ယောက် ရမ္မက်ကို အပျော်မိန်းခလေးတွေနဲ့မှားကာ လက်ကိုအတင်းဆွဲနေလေသည်။အရက်သမား နှစ်ယောက်ထဲက တစ်ယောက်က အတင်းလက်ကို လာကိုင်နေတာမို့ ။

ဖြန်း!

"""ကျွန်မရဲ့အသားကိုမထိနဲ့ """

"""ကောင်မ !
နင်လိုမိန်းမမျိုးက ငါ့ကိုပါးရိုက်ရဲတယ်ပေါ့လေ
တွေ့ကြသေးတာပေါ့ ၊ သောက်ကောင်မ """

ရမ္မက်ကို ရိုက်ဖို့ ရွယ်လိုက်တဲ့ လက်တစ်စုံ။

"""အမလေး """

"""ခွပ် """

"""ဟင် •••ပု """

ထိုအရက်သမား၏ လက်များက ရမ္မက်ထံသို့ ရောက်မအောင် ပုဏ္ဏဂက တားဆီးလိုက်လေပြီး ရမ္မက်မေအား ရိုက်ဖို့ ရွယ်တဲ့ လက်အစုံကို လှန်းကာလိမ်ချိုးပစ်လိုက်လေသည်။

"""အ•••အား """

လက်ကို အစိမ်းသက်သက်ကြီး လိမ်းချိုးခံလိုက်ရလို့ ရင်ထဲစူးတတ်ကာ နင်ကျင်သွားသည့်  သူငယ်ချင်းဖြစ်သူရဲ့ အဖြစ်ကို မြင်လိုက်တော့ သောက်ထားတဲ့ အရှိန်လေး ပြေသွားလေကာ သူငယ်ချင်းဖြစ်သူ အနားကပ်ပြီး•••••။

"""ဟျောင့်•••ထနိုင်လား ။
မြန်မြန်ထ လစ်ဆို့ လာ """

လက်ကို လှန်ကာလိမ်ချိုးခံလိုက်ရလို့ ထိုနေရာမှာပဲ လဲကျကာ အော်ဟစ်နေသည့် သူငယ်ချင်းဖြစ်သူကို ကျန်သူငယ်ချင်းမှ အတင်းဆွဲခေါ်ကာ ထိုနေရာမှ အမြန်ဆုံးထွက်ပြေးသွားကြလေသည် ။

ရမ္မက် အနီးကိုအပြေးသွားလိုက်ပြီး မိုးစက်တွေကြားမှာ
တုန်ရီနေတဲ့ သူမခန္ဓာကိုယ်လေး အပေါ် ကျွန်တော်ဝတ်ထားတဲ့ ဂျာကင် အင်္ကျီလေးအား ထပ်ဝတ်ပေးလိုက်တော့ •••။

"""ရတယ် """

"""လျှာမရှည်နဲ့ မိုးရွာကြီးထဲမှာ
ဒီအင်္ကျီတွေ ထပ်ဝတ်ထားလိုက် ၊
ရေစိုနေတဲ့ မင်းခန္ဓာကိုယ်ကိုမြင်ရင်
ဘယ်ကျားမှ ဥပုဒ်စောင့်မှာ မဟုတ်ဖူး ။
ငါအပါအဝင် """

ဖက်ရှင် ဒဇိုင်နာ ဖြစ်တဲ့ ရမ္မက်ရဲ့ ကောက်ကြောင်းအလှက
ပုံမှန်အချိန်မှာတောင် ပေါ်လွင်ထင်ရှားပြီး ပုရိသတိုင်း ယစ်မူးပစ်မှားချင်တဲ့ ပုံစံမျိုးကို အခုလိုမိုးရေတွေ ထိလိုက်တော့ ရေစိုနေတဲ့ အင်္ကျီတွေကြောင့် ပိုပိုပြီး ဆွဲဆောင်မူရှိနေလို့ ကိုယ်စိတ်ကိုကိုယ် မလွှတ်သွားအောင် စက္ကန့်နဲ့အမျှ စောင့်ထိန်းနေရတဲ့ ကျွန်တော်။

အချစ်က ကြမ်းတယ်Where stories live. Discover now