အချစ်က ကြမ်းတယ်
ဇာတ်သိမ်းပိုင်း
ရမ္မက် ပင်လယ်လိူင်းပုတ်သံတို့နဲ့ အတူ နိုးထလာခဲ့ပြီး မျက်စိကို မဖွင့်သေးပဲ အညောင်းကို အားရပါးရ ဆန့်လိုက်ပြီး ဘေးက ကလေးနှစ်ယောက်ကို ကြည့်လိုက်တော့ သူတို့မရှိ ။
"""ဟင် •••။ """"
ကလေးနှစ်ယောက်ကို မတွေ့တာနဲ့ပဲ ချက်ချင်းကုန်းထလိုက်ပြီး အခန်းတွင်း လျှောက်ကြည့်တော့လည်း မရှိ ၊ ရေချိုးခန်း အိပ်သာ တွေဆီ ပြေးကြည့်တော့လည်း မတွေ့နဲ့မို့ ။
"""ပုဏ္ဏဂ •••။
သားရေ Joy •••
သမီးရေ Eye ••• '""ရမ္မက် ညအိပ်အင်္ကျီတွေကို ပင်မလဲနိုင် မျက်နှာသစ် ရေမိုးမချိုးနိုင်ပဲ အိပ်မူန့်စုံဖွားနဲ့ အောက်ထပ်ကို ပြေးဆင်းလိုက်တော့ မီးဖိုချောင်းထဲက စကားသံသဲ့သဲ့လေးကြားလို့ အပြေးသွား
ကြည့်လိုက်တော့မှ •••။"""သားနဲ့ သမီး """
ရမ္မက် ကလေးနှစ်ကိုမြင်တော့ ပြေးပွေ့လိုက်ပြီ။
"""Morning မား """
"""ဟွန့် •••မာမား ညစ်ပတ်တယ် ။
မျက်နှာလည်း သစ်ရသေးဘူး ၊
အင်္ကျီတွေလည်း လဲရသေးပဲနဲ့"""အတတ်မလေး Eye ပြောလိုက်မှ ရမ္မက် ကိုယ့်ဘာသာရှက်ရကောင်းမှန်းသိတော့သည်။
"""မင်းရေမချိုး မိုးမချိုးနဲ့
ဘယ်လိုဖြစ်နေတာလဲ ဒေါ်ရမ္မက်
ကိုယ့်သားနဲ့ သမီးက ရေမိုးချိုးပြီး အသန့်သန့်လေးဖြစ်နေတာ ၊ မင်းဆီက ချွေးနံတွေ ကူးကုန်လိမ့်မယ် ။ """"""ရှ•••ရှင်ဘာပြောတာလဲ ။
ကျွန်မက ညစ်ပတ်တာ မဟုတ်ဖူး
အိပ်ယာနိုးနိုးချင်း ကလေးနှစ်ယောက်ကို မတွေ့လို့
စိတ်ပူပြီး ဘာမှမလုပ်နိုင်တာ ။
ရှင် ဘာကြောင့် ကျွန်မနိုးတဲ့အထိ မစောင့်ပဲ ကလေးတွေကို
ခေါ်သွားရတာလဲ """""""ဒေါ်ရမ္မက် ခင်ဗျား နာရီလေး ဘာလေး
တစ်ချက်လောက် ပြန်ကြည့်လိုက်ဦး ။
ခင်ဗျား ထတဲ့ အချိန်က ၉နာရီခွဲနေပြီ
ကလေးတွေ ဗိုက်ဆာတယ်ဆိုလို့ ခင်ဗျားလေး အိပ်ရေးပျက်မှာဆိုးတာနဲ့မနိုးပဲ ကျွန်တော်ကိုယ်တိုင် Breakfast ပြင်ကျွေးထားတာ ၊ ခင်ဗျားလေး နိုးမှစားရမယ်ဆိုရင်
ကိုယ့်သားနဲ့သမီးက မနက်စာနဲ့နေလည်စာပေါင်းစားနေရတော့မှာ ဒေါ်ရမ္မက် အိပ်ပုတ်ကြီးရဲ့ """
YOU ARE READING
အချစ်က ကြမ်းတယ်
Romanceမြို့တစ်ခုမှာ အမှတ်မထင်စုံပြီး မှားယွင်းခဲ့ကြတဲ့ သူတို့ နှစ်အတော်ကြာလို့ ပြန်တွေ့ချိန်မှာ သူမဟာ ကျနော့်သူငယ်ချင်းရဲ့ ဇနီး ကလေးအမြွှာလေးတွေရဲ့ အမေ အဖြစ်နဲ့ပေါ့ •••။