အချစ်ကကြမ်းတယ်
အပိုင်း၆
"""ရွှေရည် မင်းဆက် "" ဆိုတဲ့ မိန်းခလေးက တခြားသူမဟုတ်ချေ ။ ရမ္မက်နဲ့ ၄နှစ်ကွာတဲ့ အဖေတူ အမေကွဲ ညီမတွေ ။
မေမေကို နုလုံးရောဂါ ရစေခဲ့တဲ့ တရားခံက ဖေဖေ ဦးမင်းဆက် နဲ့ ဒေါ်ခင်မျိုး (ရွှေရည် မင်းဆက် အမေ )ရှင်ဘုရင် တစ်ယောက်လိုဖြစ်ချင်ခဲ့တဲ့ ဖေဖေက ရှင်ဘုရင်
တို့ထုံ နှလုံးမူပြီး မိန်းမနှစ်ယောက်ကို အိမ်တစ်အိမ်ထဲမှာပဲ ပေါင်းသင်းနေထိုင်ခဲ့တယ် ၊ ရမ္မက် ၄နှစ်အရွယ်ရောက်တော့
အဖေက လသားအရွယ်ခလေးကိုပိုက်ထားတဲ့ မိန်းမတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ခဲ့တဲ့ အချိန်ကစပြီး မေမေ အရင်နေ့တွေကထက် ပိုပြီး စိတ်ဆင်းရဲခဲ့ရတယ်။ ကွာရှင်းဖို့ လုပ်ပေးမဲ့လည်း အဖေဆိုသူက ကွာရှင်းမပေးခဲ့ချေ ။
မေမေ မိဘတွေရဲ့စီးပွားရေးကို ရှေ့ဆက်နိုင်အောင် ဖေဖေအင်အားနဲ့ ကျားကန်ခဲ့ရလို့ ဖေဖေကို မလွန်ဆန်နိုင်တဲ့ မေမေအဖြစ် ။ အချိန်တွေကြာလာတာနဲ့ အမျှ ဒေါ်ခင်မျိုးက အိမ်ကြီးကို အုပ်ချုပ်ဖို့ အတင်းကြိုးစားလာတယ် ၊ သမီးဖြစ်သူ ရွှေရည်ကိုလည်း ဖခင်ဖြစ်သူရဲ့ မင်းဆက်ဆိုတဲ့ နာမည်
ပါအောင်ကို တမင်သက်သက် """ရွှေရည် မင်းဆက် """ ဆိုပြီးပေးခဲ့တာ ။"""ရွှေရည် မင်းဆက် """လည်း ကံမကောင်းရှာတဲ့ ကလေးဆိုပြီး မေမေက သနားချစ်နဲ့ ချစ်ရှာတယ် ။ ဒေါ်ခင်မျိုး အိမ်ပေါ်ရောက်ပြီး မကြာဘူး သမီးဖြစ်သူကို အိမ်ဖော်လက်ထဲအပ်ပြီး နေ့စဥ်နဲ့အမျှ ဖဲရိုက် ၊ ကလပ်တတ်နဲ့ သမီးဖြစ်သူအားဂရုစိုက်မအားချေ ။ တစ်ယောက်ထဲ အဖော်မဲ့နေတဲ့ ရွှေရည် မင်းဆက်က ရမ္မက်နဲ့ မေမေကို သူမိသားစုတွေလို သဘောထားပြီး အမေကို (မေမေမြတ် ) လို့ ခေါ်ပြီး ကျွန်မကိုလည်း (မမ မေ ) လို့ ခေါ်တယ် ။ ရမ္မက် ရွှေရည်ကို ငယ်ငယ်ကတည်းက သဘောမကျလို့ ခက်ခွာခွာ နေခဲ့ပေမဲ့
ရွှေရည်ကတော့ အစ်မတစ်ယောက်လို ချစ်ရှာသည်။"""မမ မေ """
"""ရမ္မက် """
ပုဏ္ဏဂ ရဲ့ ဂျာဂင်အင်္ကျီပေးဖို့ ကျန်ခဲ့လို့ အိမ်က ယူပြီး ပြန်လာပေးတော့ မြင်လိုက်ရတဲ့ မြင်ကွင်းက သိပ်ကိုရုပ်ဆိုးအကြည်းတန်လှသည်။ ရမ္မက် လက်ထဲက ဂျာဂင်ကို လွှတ်ချလိုက်ပြီး ရွှေရည် အနားပြေးကပ်သွားလိုက်ပြီ ။
YOU ARE READING
အချစ်က ကြမ်းတယ်
Romanceမြို့တစ်ခုမှာ အမှတ်မထင်စုံပြီး မှားယွင်းခဲ့ကြတဲ့ သူတို့ နှစ်အတော်ကြာလို့ ပြန်တွေ့ချိန်မှာ သူမဟာ ကျနော့်သူငယ်ချင်းရဲ့ ဇနီး ကလေးအမြွှာလေးတွေရဲ့ အမေ အဖြစ်နဲ့ပေါ့ •••။