အိုဘုရားသခင် မေတ္တာတွေသာရောင်ပြန်ဟပ်ရိုးမှန်ခဲ့ပါသော် မောင့်အချစ်တွေကျွန်တော့်ဆီကိုမြူမှုန်စာလောက်လေးပဲဖြစ်ဖြစ် ကျရောက်ပါစေ......
....................................................................
မနက်ခင်းမှာနိုးလာတော့ တန်းခနဲ သတ်ိရမိတာမောင့်အတွက်မနက်စာ။ဘေးကို၀ဲကြည့်လိုက်တော့မောင်ဟာနှစ်ချိုက်စွာအိပ်စက်နေတုန်းပါပဲ။မနက်စာမမှီမှာကြောက်ဇောနဲ့ ဆက်ခနဲအထမှာညကမောင်နဲ့အတူနေထားတဲ့အရှိန်နဲ့ဆစ်ခနဲပဲ။သို့သော်ဂရုမပြုအားပါ။မောင့်အတွက်မနက်စာမှီဖို့သာအဓိက။ဒီလိုနဲ့နာကျင်နေတဲ့အောက်ပိုင်း ကိုတောင်ဂရုမပြုပဲ အ၀တ်အစားသာအမြန်၀တ်ပြီး မနက်စာထချက်ရလေတယ်။
လျင်လျင်မြန်မြန်ချက်ပြုတ်ပြီး ၇နာရီအထိုးမှာမောင့်အားသွားနိုးပြီး ။ထမင်းစားပွဲအပေါ်မှာမောင်စားဖို့ပြင်ရဆင်ရပြန်တယ်။ခနအကြာမှမောင်မှာ ကိုယ်ပြင်ထားတဲ့မနက်စားကိုအားရပါးရစားလေတယ်။ မောင်ဟာကိုယ့်အပေါ်သိပ်ဂရုမစိုက်ပေမဲ့လို့ ကိုယ်ပြင်ပေးတဲ့မနက်စာကိုအားရပါးရစားပြန်တော့ကိုယ့်မှာကျေနပ်ရပြန်သား.....
ခနအကြာမှာမောင့်ဖုန်းဆီက ဖုန်းခေါ်သံလေးတစ်ခုမြည်လာခဲ့တယ်။ဖုန်းခေါ်တဲ့သူက ကတော့ မောင်သိပ်ချစ်ရတဲ့မိန်းကလေးဆီကပေါ့။မနက်စာစားရင်းမှုန်ကုပ်နေတဲ့မောင့်မျက်နှာက ထိုမိန်းကလေးဆီကဖုန်းဆက်လာတဲ့အခါ ပုံရွှင်မှုအရိပ်အယောင်တွေပြေးလာတယ်။တစ်ချိန်တည်းမှာ မပဲ မောင့်မျက်၀န်းတွေထဲမှာပဲ ချစ်မြတ်နိုးမှုတွေအပြည့်.......
ရင်နာရလွန်းလို့ ငိုရလွန်းလို့ဒီနှလုံးသားလေးလည်းထုံနေပါပြီ။သူမနဲ့မှဖြစ်ပေါ်လာတဲ့မောင့်အပြုံးတွေ၊သူမနဲ့မှဖြစ်ပေါ်လာတဲ့မောင့်ရဲ့တီတီတာတာစကားလေးတွေ၊သူမနဲ့မှဖြစ်ပေါ်လာတဲ့မောင့်ရဲ့နွေးထွေးကြင်နာမှုတွေ။ထိုအရာတွေအားလုံးဟာဒီလူသားအတွက်တော့မဟုတ်ခဲ့ဘူး...
အခုလည်းမောင်ဟာဖုန်းပြောရင်ပြုံးပြောမေလိုက်တာများ ဒီကလူသားမျက်ရည်ကျတာတောင်သတိမပြုမိသည်အထိမောင်ဟာထို မိန်းကလေးကိုချစ်တာ.......
YOU ARE READING
မောင့်ရပ်၀န်းငယ် (ခတ္တာရပ်နား)
Fantasyမောင်စေညွှန်ရာနေမယ် မောင့်ရပ်၀န်းငယ်၀ယ်....