💔2💔

317 65 16
                                    

တစ်ဦးတည်း​သောချစ်ရသူ၏ဓါတ်ပုံ​လေးအားရင်ခွင်၌၀ယ်ပိုက်ကာဖြင့် အသဲနှလုံးတစ်ခုလုံး အစိတ်စိတ်ကွဲ​ကြေကာ​အော်ငို​နေ​သော​ကောင်​လေးမှာ ခံနိုင်​ရေတစ်စက်​တောင်မရှိခဲ့ပါ​လေ။​လောကကြီးဟာသူ့အတွက် ​ချစ်ရသူနဲ့အတူ​နေရဖို့အခွှင့်အ​ရေး​လေးတစ်စက်မျှ​တောင်မ​ပေးပါ​ချေ။လက်ထပ်သွားတာ​တောင်သုံးရက်ရှိပြီဖြစ်​သော်ငြားလည်း ကိုယ်မဟုတ်တဲ့တစ်ခြားမိန်းက​လေးနဲ့ မဂ်လာဦးညအတူဖြတ်သန်းပြီးပြီဆိုတဲ့စိတ်က ဟို​​ဆော့အား ပိုလို့ပင်တိုးကာ​အော်​ငို​စေသည်။​အော်ငိုလွန်းလို့အာ​ခေါင်​တွေ​တောင်​ခြောက်ကပ်​နေ​ပြီ။တစ်ခြားသူ​တွေက​ပြောတယ် ငိုလိုက်ရင် စိတ်​ပေါ့ပါးသွားတယ်တဲ့။သို့​ပေမဲ့လည်း သူ့အတွက်​တော့ငို​လေပိုစိုး​လေပါပဲ။ဒီစိတ်နဲ့ပဲအစာမစားတာဘယ်နှစ်ရက်​တောင်ရှိပြီလည်းခန့်မှန့်မရခဲ့။သူအခါခါပြိုလဲမိခဲ့​သော ​မောင့်အပြုံး​တွေအတွက် သူပိုင်ဆိုင်ခွှင့်မရှိ​တော့ပြီ။ဘာလိုလိုနဲ့ဒီညလည်းသူခဗျာ ငိုးကြီးချက်မနဲ့ကုန်ဆုံးရ​လေပြန်ပါသည်။

မနက်လင်းလို့ ​နေ​ရောင်ခြည်​တွေ​တောင်သူ့မျက်နှာတည့်တည့်အား သက်​ရောက်လာပါ​သော်လည်း သတိရမိတာဟာ မျက်နိုးရတဲ့​မောင့်မျက်နှာ။​​သူ့ဘေးနားက တစ်​နေရာစာလွတ်​နေတဲ့​နေရာ လွတ်​နေတဲ့​​နေရာ​လေးကိုကြည့်ကာ သူ့မှာတစ်ဖန်ပြန်ပြီး​ကြေကွဲရပြန်တယ်။​မောင်အိပ်ထားခဲ့တဲ့​ခေါင်းအုံး ​လေးကို မျက်နှာတစ်ခုလုံးအပ်၍နမ်းရှိုက်ကာ အလုပ်တက်ဖို့အားယူရပြန်တယ်။​​မောင့်တစ်ကိုယ်လုံးမှ အနံ့အသက်ကအစ သူ့အတွက်​တော့အဖိုးဖြတ်မရတဲ့ခွန်အားတစ်မျိုးအသွင်။​

​နေ့ရက်တိုင်းကို​တော့ ဒီလိုဖြတ်သန်းလို့မရ။အလုပ်တက်ရဦးမှာ၊​မောင်​ပျော်​နေတာကိုသူကျန်းကျန်းမာမာနဲ့ ကြည့်ပြီး၀မ်းသာရဦးမှာ။​မောင့်မျက်နှာ​လေးကိုတိတ်တခိုးကြည့်ကာ သူ့မှာ အလွမ်း​ဖြေရအုံးမှာ။

ထုံထိုင်း​နေတဲ့စိတ်ကိုအသာ​လေးထားပြီး အားယူကာ အလုပ်တက်ရန်​ရေမိုးချိုးပြင်ဆင်ရပြန်တယ်။​မောင့်အတွက်​ပျော်ရွှင်​ပေးရမယ် ဆိုတဲ့စိတ်က​လေး၀င်လာ​တော့ နာကျင်​တဲ့စိတ်​တွေဟာ​လျော့ပါးသွားသလိုပဲ။ထိုအချိန်မှာ ၃ရက်​လောက် အစာမစားတဲ့ဗိုက်​ဟာ တဂွီဂွီမြည်လို့လာပါတယ်။
​အိမ်တွင်း​အောင်းတဲ့ အ​တောအတွင်း​စျေးလည်းသိပ်မ၀ယ်ဖြစ်။ရှိတဲ့​ခေါက်ဆွဲနှစ်ထုပ်ကိုသာကြက်ဥ​လေးနဲ့ပြုတ်​သောက်ဗိုက်ဖြည့်ပြီး ရုံးကိုသာသွား​လိုက်​​တော့တယ်။

​မောင့်ရပ်၀န်းငယ် (ခတ္တာရပ်နား)Where stories live. Discover now