မိုးတွေထစ်ချုန်းရွာနေတဲ့ညလေး တစ်ညမှာ ကလေးငိုသံလေးကတော့မိုးသံတွေနဲ့အတူ တသိမ့်သိမ့်လေးရယ်.........
ထိုကလေးငိုသံလာရာအရပ်..............စျေးမနိမ့်မမြင့်အလည်အလတ်တန်းစားလောက်ရှိတဲ့ တိုက်ခန်းလေးဆီက ။ထိုတိုက်ခန်းလေး၀ယ် မီးရောင်ကလေးကမှိန်ပြပြနဲ့ ကလေးငိုသံလေးနောက်မှာသားချော့တေးလေးကကပ်ပါလာပြန်တယ်။ထိုသားချော့တေးဆိုနေတဲ့သူဟာ မိန်းမတစ်ယောက်မဟုတ် အသံသြသြနဲ့ယောက်ျားတစ်။ထို့နောက်တွင်တော့ ကလေးငိုသံဟာတိတ်သွားတယ်။
ကလေးရဲ့မိခင်လိုလို ဖခင်လိုလိုလူဟာနို့ချိုတိုက်ကျွေးနေတာကြောင့်။လက်ထဲက နီတာရဲလေးဟာ သူ့ဖခင်ရဲ့နို့ရည်ကိုပါးဖောင်းဖောင်းကြီးများခွက်အောင်အထိအငမ်းမရစို့နေတာကြောင့် နို့တိုက်နေတဲ့ဖခင်မှာအားပြတ်သွားမလားပဲ။ထိုဖခင်မှာ သူ့လက်ထဲက ၀ကစ်ကစ် သမီးငယ်လေးကိုကြည့်ရင်း မျက်မှာမှာ ကြည်နူးမှုတွေဟာအတိုင်းအသား။နောက်ဆုံးမှာတော့ သူတစ်ယောက်ထဲရှိတဲ့ဘ၀ထဲမှာ သူ့သမီးလေးက ၀င်ရောက်ခဲ့ပြီ။ ထိုအရာကိုအပေါက်၀ကရပ်ကြည့်နေတဲ့သူကတော့ ကင်မ်ထယ်ယောင်း။မိုးတွေဒီလောက်သည်းနေတာတောင် ဖွင့်ထားတဲ့ပြတင်းပေါက်ဆီကို သူစိတ်အလိုမကျပဲမျက်မှောင်ကိုသာကျုံ့ထားသည်။ပြတင်းပေါက်ကနေ လေစိမ်းတွေနဲ့အတူ မိုးရည်တွေကလည်းကလည်း ကြမ်းပြင်ပေါ်မှာအိုင်ထွန်းနေပြီး။ကြည့်ရင်းကြည့်ရင်းနဲ့ဒေါသထွက်လာသူကတော့ကင်မ်ထယ်ယောင်း။သွေးနုသားနုနဲ့ဒီလိုမဆင်မခြင်ပြုမူနေတာတော့မဟုတ်သေးဘူး။အခန့်မသင့်ရင်ကလေးတစ်ခုခုထြစ်သွားမှာစိုးတာ.......
"ဂျောင်ဟိုဆော့....!!"
ထယ်ယောင်းမှာအနည်းငယ် အသံမှမြှင့်ခေါ်လိုက်သော်လည်း ဟိုဆော့မျက်လုံးတွေဟာ ထယ်ယောင်းကိုမော့ကြည့်ဖို့နေနေသာသာသူ့ကလေးဆီကတောင်မခွာနိုင်ပါ။ထိုမျက်၀န်းတွေမှာလည်း ထိုကလေးငယ်အတွက် မိဘဆိုတဲ့ပီတိနဲ့ အနှိုင်းမဲ့ချစ်ခြငွးတွေသာရောယှက်နေတယ်။ထူးဆန်းသည်မှာတော့ ထိုမျက်၀န်းတွေဟာ ထယ်ယောင်းကိုကြည့်တဲ့ အချစ်မျက်၀န်းတွေနဲ့တော့မတူ။အခုမျက်၀န်းတွေကတော့ ပို၍လေးနက်ပျော့ပျောင်းလေသည်။
YOU ARE READING
မောင့်ရပ်၀န်းငယ် (ခတ္တာရပ်နား)
Fantasyမောင်စေညွှန်ရာနေမယ် မောင့်ရပ်၀န်းငယ်၀ယ်....