💔11💔

265 55 27
                                    

ည​နေပိုင်း​(၆)လောက်ကြ​တော့ ကင်မ့်​ရည်းစား​ဟောင်းရဲ့မိဘဆိုသူ​တွေ​ရောက်လာခဲ့ကြတယ်....

ကင်မ့်ပါးပါးကလည်းဧည့်ခံစရာရှိတာဧည့်ခံဖို့ အိမ်အကူအ​ဒေါ်ကြီးကို အ​အေး​တွေမုန့်​တွေချ​ပေးဖို့မှာ​နေတာ​တွေ့ရတယ်။အင်း.....ကင်မ်က​တော့ ခပ်မှိုင်မှိုင်​လေးပဲ Miaကိုကြည့်နေတယ်။ကြည့်ရတာ​တော့အ​တွေးများ​နေတဲ့ပုံပဲ။Mia က​တော့ကင်မ့်ကိုမျက်နှာငယ်​လေးနဲ့ကြည့်​နေတယ်။ခနအကြာမှာ Mia မိဘ​တွေနဲ့ကင်မ်အပါအ၀င်ကင်မ့်ပါးပါးတို့စကား၀ိုင်းစကြတယ်။​Miaမိဘ​တွေမျက်နှာမှာမာန်​တွေ​တွေ့ရ​ပေမဲ့ ​ဒေါက်တာယွန်းကိုကို​လေးစား​ပုံ​ပေါ်တယ်။မိသားစုအ​ကြောင်းတွေကနား​ထောင်လို့မ​ကောင်းမှန်းသိ​ပေမဲ့ဟို​ဆော့လှေကားထိပ်မှာရပ်​ပြီးနား​ထောင်​နေမိတယ်။​ခြေ​ထောက်​​တွေကို​ရွေ့ရ​​ကောင်းမှန်းသိ​ပေမဲ့ အဲ့​နေရာက​နေကို​ရွေ့မရခဲ့တာ...

"သမီး​လေးက တစ်​နေ့ခင်းလုံးင်ို​နေတာ ယွန်း​ရေ"

Yg..."ဟုတ်အမ...ကင်မ်က​အော်လွှတ်လိုက်တာဆို​တော့လည်း..၀မ်းနည်းသွားတယ်ထင်ပါတယ်။ကျွန်​တော်ကင်မ့်ကိုဆူထားပါတယ်"

"ဟို​လေ....ယွန်းအခုက အဲ့ကိစ္စကို​​ပြောဖို့ဆိုတာထက်​တောင်းဆိုစရာ​လေးရှိလို့ပါ"

Yg..."ဟုတ်....အမ​ပြောကြည့်ပါကျွန်​တော်နား​ထောင်​​နေပါတယ်"

"သမီး​လေးက သားကင်မ်နဲ့ပြတ်ကတည်းက တမှိုင်မှိုင်တစ်​ထွေ​ထွေဖြစ်​နေခဲ့တာကြာပြီ။အား​နေသားကင်မ်ကို​တွေ့ချင်တယ်ပဲ​ပြောနေတာ။အမလည်း လူငယ်သဘ၀အရ ပြီးသွားမယ်ထင်ခဲ့​ပေမဲ့။သမီး သားကင်မ်နဲ့ပြတ်ခဲ့တဲ့နှစ်​တွေအတွင်းမှာ ​မေ့မ​ပြောက်ခဲ့ဘူး။သမီး​လေးက သားကင်မ်ကို သိပ်သံ​ယောဇဥ်ကြီးရှာတာ.."

"Yg...ဟုတ်....ကျွန်​တော်နားလည်းပါတယ်အမ"

"အမ​လေ ဖြစ်နိုင်ရင်သားကင်မ်အ​နေနဲ့ Mia​လေးကိုအရင်လိုပဲပြန်ဆက်ဆံ​စေချင်တယ်ကွယ်။ဒီက​လေးမ တစ်စွတ်ထိုးဆန်တာ ၊အလိုက်မသိတာ​တွေကိုအမသိပါတယ်ကွယ်။ဒီက​လေးမ​လေးလုပ်ရပ်​တွေက သားကင်မ်ကိုအရှက်ရ​စေခဲ့တာ​တွေ အမသိပြီးပါပြီကွယ်။အမအ​နေနဲ့လည်း ဒီ​ကောင်မ​လေးရင့်ကျက်​အောင်သွန်သင်ဆုံးမထားပါတယ်..အဲ့တာ​ကြောင့်​လေ...သားကင်မ်အ​နေနဲ့ညီမ​လေးကိုခွှင့်လို့​ပေးနိုင်မလားလို့အမကသိချင်တာပါ"

​မောင့်ရပ်၀န်းငယ် (ခတ္တာရပ်နား)Where stories live. Discover now