"ဟိုဆော့ရယ် နင်ဒီလိုလုပ်မှဖြစ်မှာလား။ငါတို့လည်းရှိနေတာပဲ ဒီမှာပဲနေပါ....!!"
ညနေ့ခင်းဝယ်ဟိုဆော့ရဲ့တိုက်ခန်းငယ်လေးထဲ အပျိုကြီး ဂျီနာရဲ့အသံကသာတဆာဆာ။ဆုံးဖြတ်ချက်ချပြီးသူ ဟိုဆော့ကတော့ပြန်ပြင်တော့မည်မထင်။သူ့ဘာသူသိမ်းစရာ ရှိရာပစ္စည်းကိုသာသိမ်းရင်း အပျိုကြီးရဲ့စကားကိုသာ တပြုံးပြုံးနဲ့ နားထောင်နေတယ်......
"နင်တကယ်ပြောင်းတော့မှာလားဟိုဆော့..!နင်အလုပ်ထွက်တော့မယ်သတင်းကြားလို့ အငယ်တွေလည်းစိတ်မကောင်းဖြစ်နေကြတယ်.."
သူဒီလိုပြောလိုက်တော့ ဟိုဆော့လေးက ပစ္စည်းတွေထုပ်ပိုးနေရင်းနဲ့မှသူ့ဘက်လှည့်လာပြီးနဲ့ပင်ပန်းနွမ်းနယ်နေတဲ့မျက်နှာလေးနဲ့ ခပ်ရေးရေးလေးသာပြုံးပြလာတယ်........
"အမဂျီနာ.."
"......."
"ကလေးတစ်ယောက်ရဲ့စားရိတ်ဆိုတာအရမ်းကြီးတာ။ကြားထဲမိန်းကလေးမွေးလာရင်ပိုစိုးအုံးမှာ။ကျွန်တော့်ကလေးရဲ့ ရှေ့ရေးအတွက် ကျွန်တော်ပြောင်းမှဖြစ်မှာမို့ တောင်းပန်ပါတယ်နော်..."
သူမ ဘယ်လိုပြောပြောမရတဲ့ ဟိုဆော့အတွက် အပျိုကြီးမှာသက်ပြင်းချရုံကလွဲပြီးမတတ်နိုင်......
"ကဲပါနင်နားနားနေနေ ထိုင်နေ။ဒါမှမဟုတ်တစ်ရေးတစ်မောအိပ်ရင်လည်းအိပ်နေ။လာခဲ့ဒီကို။မလုပ်နဲ့တော့ငါလုပ်မယ်....."
"ဟုတ် ကျေးဇူးပါအမ... "
အရင်ဆိုရင် သူ့အလုပ်ကို တစ်ပါးသူလုပ်ပေးတာတောင်မကြိုက်ဘဲ သူ့ကိုယ်တိုင်လုပ်မှစိတ်တိုင်းကျတဲ့ဒီကောင်လေးဟာ ဟန်တောင်မဆောင်နိုင်တော့ပဲချက်ချင်းခုံပေါ်မှာအနားယူပစ်လိုက်သည်။ ဘယ်လောက်တောင်များ နေလို့ထိုင်လို့မကောင်းဖြစ်နေတယ်မသိ ကောင်လေးရဲ့နွမ်းလျချောင်ကျသွားတဲ့မျက်နှာလေးကသက်သေပင်.....
"ဟိုဆော့ နင်မနက်သွားတော့မှာလား..."
"ဟုတ်တယ်အ မမနက်ပဲသွားတော့မယ်...."
YOU ARE READING
မောင့်ရပ်၀န်းငယ် (ခတ္တာရပ်နား)
Fantasyမောင်စေညွှန်ရာနေမယ် မောင့်ရပ်၀န်းငယ်၀ယ်....