"သောက်သုံးမကျကြဘူးလား။လူတစ်ယောက်ကိုတောင်ရအောင်ကိုမရှာနိုင်ကြတာလား...ဟမ်...!!"
"ကျွန်တော်တို့လည်း သူ့နာရီမှာ GPSတပ်ပေးလိုက်တာပဲ။ဒါပေမဲ့ သူပြည်ပများထွက်သွားလားမသိဘူး။GPSကအလုပ်မလုပ်ဘူးဖြစ်နေတယ်"
"ဟာ.....!သောက်ရေးမပါတာတွေ...!"
*ခွမ်း......!!*
ကင်မ်ထယ်ယောင်းဟာ ဒေါသကိုအရှိန်မထိန်းနိုင်ရုံမက ပစ္စည်းတွေပါဖောက်ခွဲ သောင်းကျန်းလာတယ်။ဟိုဆော့ပျောက်သွားတာတစ်ရက်ကလေးပဲရှိသေးပေမဲ့ ပျောက်သွားတဲ့အချိန်တိုအတွင်းကိုမဖမ်းလိုက်နိုင်တာစိတ်တိုနေပုံ.......
"နောက်ယောင်ခံလိုက်နေတဲ့ ဟိုတစ်ယောက်ကော။အခုချက်ချင်းဖုန်းဆက်..စမ်း....!!"
"ဟုတ်....ဟုတ်ကဲ့"
"ကို....!.ဘာလို့အဲ့လောင်ထိသောင်းကျန်းနေရတာလဲ..။မင်းတို့လဲထွက်သွားစမ်း..."
ထိုလူထွက်သွားတဲ့အခါမှဘိုရမ်ဟာ ထယ်ယောင်းအားစူးစူးရဲရဲကြည့်လာတယ်။ထယ်ယောင်းလည်းဘိုရမ်ရဲ့စူးရဲတဲ့အကြည့်ကိုမရှောင်ဖယ်မိနှုတ်ဆိတ်နေရံ့သာ။ဘိုရမ်ဟာ ဆိုဖာပေါ်မှာ ထိုင်ကာ..........
"ဘာလဲဟိုဆော့ပျောက်နေလို့လား"
"ဟုတ်တယ်..."
"သူကသူ့ကလေးကိုလွယ်လွယ်ပေးမယ့်ပုံမပေါ်ဘူး။"
"မိဘပဲသားသမီးကိုဘယ်ပေးချင်ပါ့မလဲ"
"ဟာ.....!သူ့ကလေးကိုအလကားတောင်းနေလို့လား။မြေတောင်မြှောက်ပေးမယ့်ကိစ္စလေ။ပြီးတော့ ဟိုဆော့ကိုလည်းတန်ရာတန်ကြေးပေးမှာပါ..."
"ဘိုရမ်....ကိုတို့လေ အကိုဟိုဆော့ကိုဒီတိုင်းထားလိုက်လို့မရဘူးလား။ကိုတို့တခြားကလေးမွေးစားလို့ရတာပဲ...."
ထယ်ယောင်းရဲ့စကားမှာ ဘိုရမ်ဟာ ဆိုဖာမှငေါက်ခနဲထ၍ထယ်ယောင်းအားမဲပါတော့တယ်။
"ကို.....!။ဘာစကားပြောလိုက်တာလဲ။ဒါတွေဟာကိုရှုပ်ခဲ့တဲ့ဇာတ်လမ်းတွေနော်။ကို့မိန်းမတစ်ယောက်အနေနဲ့ဒီလောက် သဘောထားကြီးပေးထားတာကို အားနာသင့်တယ်။ဘိုရမ်မှကလေးမရနိုင်တာ ဘိုရမ်ချစ်တဲ့ယောက်ျားတစ်ယောက်ရဲ့သွေးသားကိုလိုချင်တာ ဘိုရမ်မှားလို့လား.."
YOU ARE READING
မောင့်ရပ်၀န်းငယ် (ခတ္တာရပ်နား)
Fantasyမောင်စေညွှန်ရာနေမယ် မောင့်ရပ်၀န်းငယ်၀ယ်....