💔5💔

261 49 28
                                    

Flash back start..

"အကို​ရေခနလာပါဦးကျွန်​တော့ဆီ"

ကိုယ်စားဖို့ချက်ပြုတ်ပြင်ဆင်​နေတဲ့ထိုလူအား ကိုယ်တိုင်ပထမဆုံးအကြိမ်အချိုသက်ပြီး​ခေါ်မိခြင်းပင်။ထိုလူဟာလည်း ဤသို့​ခေါ်လိုက်ခြင်းအ​ပေါ်  ကိုယ့်အား အံ့သြကြီးစွာ​ကြောင်ကြည့်​နေ​လေ​ပေမဲ့ သူ့မျက်လုံး​တွေက​တော့ရွှန်း​တောက်သွားတာပဲ။​နှုတ်ခမ်းအနည်းငယ်တွန့်ချိုးသွားပုံအရ​တော့ ဒီလူသူ့ကို'အကို'​ခေါ်တာသ​ဘောကျ​နေပါလိမ့်မယ်။ကိုယ်ဘယ်​လောက်ဘဲ နှိမ်ချိုးချိုး ဒီလူဟာ သူ့အ​ခြေအ​နေကို​တောင်မသိ​လေပဲ​မျှော်လင့်​နေတာ။ကိုယ်က သူ့လို​ယောက်ျားတစ်​ယောက်ကိုချစ်လာမလားဆိုတဲ့​မျှော်လင့်ချက်​လေးနဲ့။စိတ်ထဲမှာ​တော့မသနားမိ။အမှတ်မရှိတာဟာ ငတုံး​တွေရဲ့လုပ်ရပ်မလား?။ကိုယ့်ကိုကပ်တွယ်တာကိုလဲသိပ်မုန်းတယ်။

"​မောင်​ခေါ်​နေတယ်​လေ လာပါအုံးအကိုရဲ့"

"​အော်...အင်း​..မောင်။လာပြီခန​စောင့်။မီးဖိုပိတ်လိုက်အုံးမယ်"

သွက်သွက်လက်လက်လုပ်​နေတဲ့ကိုယ်လုံး​လေးကတစ်ဆင့်ချပ်ရပ်​နေတဲ့ ဗိုက်ဆီကို​မျက်လုံး​ရောက်သွားတဲ့ အခါ ​ဒေါသ​တွေဟာထိန်းမရ​အောင်တလိမ့်လိမ့်ထွက်လာရတယ်။အရှုပ်အရှင်းကင်းချင်လို့ ​မိဘ​ရော ​နောက်ခံ​ရောမရှိတဲ့ တစ်​ကောင်ကြွက်​ယောက်ျားတစ်​ယောက်ကိုလိုရင်သုံးဖို့အသုံးချမိပါတယ်  ကံဆိုးချင်​တော့ ဗိုက်ကလာကြီး​နေတယ်။​သောက်​ရေးမပါတာ​တွေ။မတတ်နိုင်ဘူး ကိုယ်မှ အဲ့လူဗိုက်ထဲက က​လေးကိုနှစ်မှမနှစ်မြို့တာ  ။အဲ့က​လေး​မွေးလာရင်အရာအားလုံးစီစဥ်ထားတာ​တွေ ပျက်စီးသွားမှာ။ကိုယ့်မိသားစု အသိုင်းအ၀ိုင်း၊ကိုယ့်ဂုဏ်သိက္ခာ၊အ​ရေးကြီးဆုံးက​တော့ဘိုရမ်။ဘိုရမ်လိုမိန်းက​လေးက စိတ်ထား​ကောင်းတယ်၊သိမ်​မွေ့တယ်၊နူးညံ့တယ်၊အသိုင်းအ၀ိုင်းလည်း​ကောင်းတယ် ။ပြီး​တော့သူမကိုငယ်ငယ်ကတည်းကမြတ်နိုးခဲ့ရတာ​တွေ၊တခြားအသိုင်းအ၀ိုင်း​တွေနဲ့ယှဥ်ပြိုင်ပြီးလိုက်ခဲ့ရတာ​တွေဟာလွယ်ကူခဲ့တာ​တွေဟုတ်ဘူး။အရာအားလုံးက ဒီဘာမဟုတ်တဲ့သားအဖနဲ့ ​တော့ပျက်စီးမခံနိုင်တာသဘာ၀ကျမှာပါ။ဒီအထိ​​ရောက်လာပြီး​တော့မှ လူသားမဆန်နိုင်ဘူး။​နောက်ဆုံးဆုံးဖြတ်ချက်မှာ တစ်နည်းမဟုတ်တစ်နည်းပျက်စီး​အောင်လုပ်ရုံပါပဲ။

​မောင့်ရပ်၀န်းငယ် (ခတ္တာရပ်နား)Where stories live. Discover now