ဟိုဆော့လည်းကလေးမွေးပြီးလေးရက်လောက်နေတော့ အစားအသောက်အတွက်အောက်ဆင်းစားဖြစ်တယ်။အန်ကယ်ယွန်းက အစားအသောက်တွေကိုသူ့အခန်းထဲထိလာပို့ပေးပေမဲ့လည်း အားနာသမှုတော့ရှိရမယ် မဟုတ်လား။ကိုယ်ကဒီအိမ်မှာသူစိမ်းလေ။အလိုက်ကန်းစိုးသိရမှာပေါ့။
"သားထည့်စားလေ။အသားများများထည့်စားလေ။အရံဟင်းတွေရောထည့်စားအုံး.."
ပြောရင်းဆိုရင်းနဲ့အန်ကယ်ယွန်းက အသားဟင်းကိုခတ်ပြီးဟိုဆော့ပါးကန်ထဲကိုထည့်ပေးလေတယ်..
"အန်ကယ်ယွန်း...ကျွန်တော်က ထမင်းများများစားတဲ့သူမို့လို့ ...ဟင်းစားတာနည်းနေတာပါ"
"ဟင်းထက်ထမင်းပိုကြိုက်တာပေါ့"
"အယ်....အဲ့လိုတော့မဟုတ်ဘူး။အရင်ကအလုပ်က တစ်နေကုန်နီးပါးလုပ်တဲ့အပြင် အချိန်ပိုပါဆင်းရတော့ အဆာခံအောင်ထမင်းများများစားရင်းအကျင့်ဖြစ်သွားတာပါ"
"အခုတော့ထမင်းများများစားပေါ့။နို့ပျက်သွားတဲ့အချိန်ကြရင် ထမင်းရော အသားရော အရွက် ကောညီမျှအောင်စားရမယ်နော်"
"ဟုတ်ကဲ့...အန်ကယ်...."
ထူးခြားတာကတော့ ထမင်းစား၀ိုင်းမှာကင်မ်မရှိနေတာပါ။ပြီးတော့သတိရမိသွားတာက စျေးညှိနှိုင်းတုန်းကပဲ သူနဲ့နောက်ဆုံးစကားပြောခဲ့ရတာပဲ။ခနအကြာထမင်းစားပြီးတော့ ကင်မ်ဟာ အထုတ်အပိုးတွေနဲ့ဆင်းလာတာကိုတွေ့လိုက်တယ်။ညအိပ်၀တ်စုံနဲ့ပဲမြင်နေကြကင်မ်ကို T shirt ၊jeanတွဲ၀တ်ထားတာမြင်လိုက်ရတော့လည်း ကင်မ်ဟာ တစ်မျိုးတစ်ဖုံခန့်ညားနေပြန်တယ်။ကင်မ်ဟာ အထုတ်တွေချပြီး ကိုယ့်ဘက်လှည့်ကြည့်လာတဲ့အခါအကြည့်ချင်းဆုံသွားတော့ ကိုယ်ကပဲအထစ်ထစ်အငေါ့ငေါ့နဲ့စကားစလိုက်ရတယ်။ကင်မ်နဲ့ကိုယ့်ကြားဘာပြဿနာမှမရှိသော်လည်း ဘာကြောင့်ရယ်လို့မသိကင်မ့်ကိုစကားပြောရမှာ ရှိုးတိုးရှမ်းတမ်းဖြစ်နေတာတော့အမှန်ပဲ...
"ဟို...ကင်မ်....။အဲ....ဒေါက်တာဆော့ဂျင်..!"
ကင်မ်ဟာ ဟိုဆော့နာမည်ပြောင်းခေါ်လိုက်တာနဲ့ပတ်သတ်ပြီး ချက်ချင်းမျက်မှောင်ကြုံ့သွားတယ်..
YOU ARE READING
မောင့်ရပ်၀န်းငယ် (ခတ္တာရပ်နား)
Fantasyမောင်စေညွှန်ရာနေမယ် မောင့်ရပ်၀န်းငယ်၀ယ်....