"အော်....အခုလေးတင်..ဂျီကျပြီးတော့ အိပ်ပျော်သွားပြန်ပြီ။ကလေးတွေဟာတကယ်ကိုအပူအပင်ကင်းတာပဲ"
ငိုယိုဂျီကျချင်တိုင်းဂျီကျပြီး ချက်ချင်းအိပ်မောကျသွားတဲ့ သမီးလေးဟာတကယ်ကိုအပူအပင်ကင်းမဲ့လှတယ်။ဟိုဆော့လည်းသူ့သမီးလေးကိုကြည့်ကာသဘောတကျခပ်ဟဟရယ်မိတော့တယ်....
"အား....ညောင်းလိုက်တာ.."
ဟိုဆော့လည်းတစ်ချိန်လုံးကလေးကိုလက်ပေါတင်ထားလိုက်၊နို့တိုက်လိုက်ဆိုတော့ အညောင်းအညာဆန့်ဖို့လည်း သတိမရနိုင်ဘူးလေ။ သူ့ခမျာမှာလည်းအခုမှ အငြောင်းအညာဆန့်ရတော့တာ။ဟိုဆော့လည်း ကလေးအိပ်တော့မှ အပေါ့အလေးကိစ္စအားလုံးကိုထလုပ်ရတော့တယ်။အိမ်သာကိုသွားပြန်တော့လဲ ကလေးနိုးမှာဆိုးလို့ခြေသံကိုဖွဖွနင်းရပါပြန်ကော။အပေါ့သွားပြီးကုတင်ဆီအပြန်မှာလို့အပြန်မှာ ဟိုဆော့တစ်ယောက် ပြူတင်းပေါက်ကနေတစ်ဖြူးဖြူးတိုက်ခတ်နေတဲ့မြင်ကွင်းကိုသူငေးမိသွားတယ်....
"အော်...ငါတောင်လေးကောင်းလေသန့်ကောင်းကောင်းမရှူရတာကြာပြီပဲ"
ဟိုဆော့လည်း စိတ်ကြည်ကြည်လင် ပါးချိုင့်သေးသေးများပေါ်အောင်အထိပြုံးပြီး သမီးအိပ်တုန်း လေကောင်းလေသန့်ရှူရင်းအညောင်းပြေလမ်းလျှောက်ဖို့ ဆုံးဖြတ်ကာ ခြံထဲဆင်းလိုက်တော့တယ်။ခြံထဲကိုရောက်တာနဲ့ ကိုယ်၀န်ဆောင်တစ်ကာလလုံးအိမ်တွင်းအောင်းခဲ့ရသမျှ မရှူရှိုက်ခဲ့ရတဲ့လေကောင်းလေသန့်ဟာ အခုမှာ ရင်ထဲ၀င်အေးမြသွားသလိုပဲ။တော်တော်ကိုအသက်ရှူချောင်သွားတယ်။စိတ်ကိုပေါ့ထွက်သွားတာပဲ။လက်ကလေးကိုအပေါ်ကိုမြှောက်အပျင်းကြောဆန့်ပြီး အိမ်အနောက်ဘက်က နှင်းဆီဖြူ အခင်းထဲလမ်းလျှောက်ဖို့ နှင်းဆီးဖြူခင်းထဲ၀င်ရန်ဖောင်ထားတဲ့လမ်းသေးသေးလေးထဲကို၀င်သွားတယ်။လမ်းလျှောက်ရင်း လျှောက်ရင်းနဲ့ ဆူငေါက်သံတိုးတိုးလေးဟိုဆော့နားထဲကြားလိုက်ရတယ်။ရှေ့ကိုနည်းနည်းရှောက်ပြီးမြင်လိုက်ရတာက ဒေါက်တာယွန်းက ကင်မ့်ကိုလက်ညှိုးတစ်ထိုးထိုးနည်းဆူနေတာပါပဲ။ဒေါက်တာယွန်းဟာဆူနေပေမဲ့သူ့လေသံမှာမာန်မပါ။မျက်မှောင်ကြုံ့၊လက်တစ်ဖက်ကခါးထောက်ကာ လက်ညှိုးတစ်ထိုးထိုးနဲ့ပြောဆိုနေလို့သာ အမူအရာကိုကြည့်ပြီးဆူနေမှန်းသိခဲ့ရတာ။သို့သော် ဆူပူနေတာကြောင့်ကမ့်ရဲ့မျက်နှာလေးကညှိုးငယ်ငယ်.....
YOU ARE READING
မောင့်ရပ်၀န်းငယ် (ခတ္တာရပ်နား)
Fantasyမောင်စေညွှန်ရာနေမယ် မောင့်ရပ်၀န်းငယ်၀ယ်....