ကျွန်တော်သိပ်ချစ်ရတဲ့ဘိုရမ်ဟာ အရင်ကနဲ့မတူတော့ဘူး။ကျွန်တော့်အပေါ်လေးနက်မှုတွေလည်းမရှိတော့သလိုစိတ်တွေလည်းအရင်လိုမဟုတ်တော့ဘူး။သူအေးစက်သွားခဲ့တယ်။ အရေးကြီးဆုံးအချက်ကတော့ ကျွန်တော့်ကျပဲရှုံးရှုံး၊အောင်ပဲမြင်မြင် သူကျွန်တော်နဲ့အတူ ကောင်းတူဆိုးမျှမရှိတော့တာပဲ။ကျွန်တော့အလုပ်မှ တစ်ခုခု အအောင်မြင်လာတာ၊projectတစ်ခုခုအဆင်မပြေလာတာတို့ဆိုရင် ကျွန်တော်ရလိုက်တာဟာ သူမရဲ့ အထင်အမြင်သေးတဲ့အကြည့်တွေပဲရခဲ့တယ်။ကလေးကိစ္စပြီးကတည်းက သူမဟာအချိန်တိုအတွင်းအရမ်းကိုပြောင်းလဲသွားခဲ့တာ။ကျွန်တော်အားလုံးသတိထားခဲ့မိတာကတော့ ကျွန်တော့်ဘေးနားကလူတွေအားလုံးဟာအတုအယောင်တွေပဲ ။ကျွန်တော်companyအရင်ကလောက်မအောင်မြင်တာနဲ့အမျှ ကျွန်တော်နဲ့အတူအေးတူပူမျှရှိခဲ့တဲ့သူတွေအားလုံးဟာ အကုန်ပြောင်းလဲသွားခဲ့တယ်။ကျွန်တော့်ချစ်ဇနီးဘိုရမ်လည်းပါခဲ့တယ်။တစ်နေ့မှာ သူနဲ့ကျွန်တော်ကိစ္စအကြီးအကျယ်ဖြစ်ဖို့ထိအကြောင်းဖန်လာခဲ့တယ်။အဲ့တာကတော့ ကျွန်တော်ရှုပ်ခဲ့တဲ့အကြောင်းပါပဲ....
"တော်ပါတော့မိန်းမရာ ကိုနဲ့သူဘာမှမဟုတ်ဘာဘူးလို့ဘယ်နှစ်ခါပြောရမှာလဲ...ဟမ်...!!"
"ကင်မ်ထယ်ယောင်းနင်ငါ့ကိုအသံမာစရာကိုမလိုဘူးနော်။နင်ဘယ်လောက်တောင်သောက်သုံးကျနေလို့လဲဟမ်။ငါ့အဖေသာမကယ်ရင်နင်ကြောင့်ငါခွေးလုံးလုံးဖြစ်တာကြာပေါ့။"
ဘိုရမ်ဟာတဖြည်းဖြည်းနဲ့အရင်ကမတူတော့ သူ့နူးညံ့မှုတွေ၊သိမ်မွေ့မှုတွေ၊ကိုယ်သိပ်သဘောကျရတဲ့အရာတွေဟာကွယ်ပျောက်ကုန်ပြီ။ဘာတွေများမှားခဲ့တာလဲ။ဘယ်နေရာတွေမှာဘယ်လိုစပြီးမှားခဲ့တာလဲ။
"မင်းဘာဖြစ်သွားတာလည်း။ငါချစ်တဲ့ဘိုရမ်ကဘယ်ရောက်သွားတာလဲ"
ထိုအခါမှာ ဘိုရမ်သည် သူ့ခင်ပွန်းသည်အား ရွံရှာသောအကြည့်ဖြင့်ကြည့်ကာ ငိုသံသတဲ့တဲ့ပါသည့်တိုင်အောင် လက်ညှိုးထားကာ ဤစကားကိုဆိုခဲ့သည်....
YOU ARE READING
မောင့်ရပ်၀န်းငယ် (ခတ္တာရပ်နား)
Fantasyမောင်စေညွှန်ရာနေမယ် မောင့်ရပ်၀န်းငယ်၀ယ်....