Part. 6♡

4.5K 347 10
                                    

Uni //

စားပွဲတွေအစီအရီခင်းထားတဲ့ညအချိန်
အိမ်တော်ဝန်းအတွင်းမှာလူတွေကဟိုတစ်စုဒီတစ်စုနဲ့ ။
ဝိုင်ခွက်ကိုကိုင်ကာ မျက်ခုံးများ တန်းကာရပ်နေသောအမျိုးသား၊ ဒီနေ့က မင်္ဂလာညစာစားပွဲ၊ ဟုတ်တာပေါ့ သူနဲ့မြို့ဝန်မင်းဝမ်ရဲ့ အထိန်းအမှတ်ပွဲ ။
သူကိုယ်တိုင်ဘယ်လောက်ပဲငြင်းဆန်နေပါစေ ပါးပါးရဲ့ "ပါးကိုဒီတစ်ခါလောက်ပဲလိုက်လျောပေးပါ ပါးမျက်နှာကိုငဲ့ပါအုံး "ဆိုတဲ့ပါးရဲ့စကားသံ နေ့တိုင်းကြားနေကြစကားတွေ ။

ထိုအစား မြို့ဝန်မင်းဝမ်ဆိုသူရဲ့ "လက်ထပ်ပြီးရင်ခဗျားသဘောအတိုင်း"ဆိုတဲ့ စကားကြောင့်သူကိုယ်တိုင်လက်ခံခဲ့ရတဲ့ပွဲ ။
ဘာပဲဖြစ်ဖြစ် ယောကျာ်းနှစ်ယောက်ကြားပဲ နောက်သူ့သဘောနဲ့သူကွာရှင်းခိုင်းရင်လဲရတာပဲမဟုတ်လား။

လူရှုပ်လာလေ သူ့ရဲ့ခေါင်းကပိုနောက်လာလေပဲ။ ရှောင်းကျန့်က လူမှုရေးမသိတဲ့လူမဟုတ်ပါ ပွဲထဲက ဂုဏ်သရေရှိတဲ့လူတွေ မရှိတာတွေလဲမျက်လုံးကတစ်ဆင့်သူကသိနေပြီးသား ။
ဝိုင်းတိုင်းကိုလိုက်ဧည့်ခံနေရပေမယ့် နှစ်ယောက်စလုံးကတော့မပြုံးနေကြပါဘူး ဒါကတော့သူတို့နှစ်ယောက်ရဲ့တူညီတဲ့အချက် ။

"အိုးး မြို့ဝန်မင်းဝမ်ကိုကျွန်မဖြင့်မြင်ရလို့သာရုံရတယ်ရှင် ဇနီးချောချောလေးနဲ့ပဲမျက်လုံးထဲမြင်ထားခဲ့မိတာ "

"ဟုတ်ပါ့ရှင် အိမ်ကသမီးလေးကတောင်အစစအရာရာတွေးပြီး မြို့ဝန်မင်းဝမ်ကိုပြောနေသေးတာ"

ဝိုင်းတစ်ဝိုင်းအရောက်မှာပဲ မိန်းမတစ်ချို့စီကစကားသံကနားထဲဝင်ရောက်လာတယ် ။
ဒါကြသိပ်ကိုအတင့်ရဲလွန်းသွားပြီပေါ့၊ ဘေးကိုကြည့်တဲ့အခါ မျက်နှာတည်စွာရှေ့ကိုစူးရဲကြည့်နေတဲ့မြို့ဝန်မင်းဝမ် ခနအကြာမှာထိုလူဆီက ရယ်သံကြားလိုက်ရတယ် ။

'အဟက်
ယူမှာကကျုပ်လေ ကျုပ်ခင်ပွန်းကကျုပ်နဲ့ပဲသက်ဆိုင်တယ် ဇနီးချောချောလေး ?"

"ပန်းဆိုးရိုက်ထားပြီး လင်လုပ်စာထိုင်စား ဖဲရိုက် အလောင်းကစားလုပ်ပြီး ယောကျာ်းတွေနဲ့ပလူးပလဲဖြစ်နေတဲ့မိန်းမမျိုးကြတော့ ယူထားတဲ့ယောက်ျားတွေနွားဖြစ်ရတာပဲအဖက်တင်တယ်မလား "

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now