Uni//
"အိမ်တော်ထိန်း "
"လာပြီသခင်လေးဝမ် ဆန်ပြုတ်ယူတော့မလို့လားကွဲ့ "
"ဟင့်အင်း ကျုပ်အပြင်ခနသွားမှာမို့ ရှောင်းကိုကြည့်ထားပေးပါ ၊ ရေပတ်ဝတ်က အခုမှလဲထားပေးခဲ့တယ် သူမနိုးခင်ပြန်လာခဲ့မယ် "
"ဟုတ်ပြီ ဟုတ်ပြီ ဒေါ်လေးကြည့်ထားလိုက်ပါ့မယ်"
အိမ်တော်ထဲကထွက်ကာ ကားစက်ကိုနှိုးလို့မောင်းထွက်လာခဲ့တယ် ။ အဖျားအရမ်းမကျသေးပေမယ့် လူကနုံးနေမယ်ဆိုတာသိတာမို့
သူကိုယ်တိုင်ဆရာဝန်သွားခေါ်ဖို့ပင် ။
နောက်ပြီး ဝယ်စရာတွေလဲသူ့မှာရှိသေးတယ်မလား ၊ အရင်ကလိုခပ်ပြည့်ပြည့်လူသားလေးက သုံးရက်အတွင်းမှာပိန်သွားတာများ မေးရိုးထင်းထင်းတွေတောင်ပိုပေါ်လာသယောင်ပါပဲ။...
နဖူးပေါ်ကအေးစက်တဲ့အထိအတွေ့ကြောက့်
ပူနေတဲ့မျက်လုံးတွေကို အားယူဖွင့်လိုက်တယ်။
သူနေရတာတော့တအားမဆိုးနေပါ နဖူးကိုစမ်းကြည့်မိမှပုဝါနီနီတစ်ခု၊ ဟင်! ဒါဆို ရိပေါ်များလား ပုဝါနီနီက ဒီမှာဆိုရိပေါ်သာကိုင်ဆောင်တဲ့အရာတစ်ခုမို့ သူ့ဆီရိပေါ်လာသွားတာများလား ။ကုတင်ပေါ်ကတော့ အားယူထကာ အခန်းအတွင်းကြည့်တော့လဲ ရေဝတ်လဲဇလုံရယ် ညှစ်ထားဟန်တူတဲ့ပုဝါတစ်ခုရယ်ကလွဲလို့ ကျန်တာကခြောက်ကပ်ကပ်ရယ်သာ ။ ရေချိုးခန်းထဲမှာလဲအသံမကြားပါ သူအခန်းပြင်ဘက်ကိုသာခပ်ဖြေးဖြေးဆင်းလာလိုက်တယ် ။
"ဒေါ်လေး "
"အော် သားကျန့် ဘာလို့ထလာရလဲ သားညကအပူတွေတက်ပြီးဖျားနေလို့လေကွယ် "
"ဟို ရိပေါ် လာတာလားဟင် "
"အော် ဟုတ်တယ်သား ညထဲကသားဖျားတာနဲ့သူ့မှာလဲပြာနေရှာတာ ။ အခုတော့ခနဆိုပြီးအပြင်ထွက်သွားတယ် အခန်းထဲသွားနေလေသားရဲ့ လေစိမ်းတွေတိုက်တယ်"
အိမ်တော်ထိန်းရဲ့စကားကို သူခေါင်းညိမ့်ပြ၍သာ သူ့အခန်းဆီပြန်လာခဲ့တယ်။ ရိပေါ်ညကလာတယ်တဲ့ ၊ ဘယ်ချိန်လာတာများလဲ သူ့ကိုမတွေ့ချင်လို့ညနက်မှလာတာလား။ နောက်ပြီးပြာယာခပ်နေတာတဲ့ ၊ အခုကြဘာလို့အပြင်ထွက်သွားရပြန်တာလဲ ၊ သူ့ကိုများမတွေ့ချင်လို့ရှောင်ပြန်တာလား ၊ ထိုသို့တွေးမိပြန်တော့သူ့မှာမျက်ရည်ဝဲလာမိပြန်တယ် ။သူလဲအခုမှမျက်ရည် ခနခနဝဲနေမိတာ အရင်ကလိုမဟုတ်တော့ပါ ။
ကုတင်ပေါ်လှဲပြီး ပုဝါနီနီလေးကိုခပ်ဖွဖွတို့ထိမိတယ် ။သူသဘောကျတဲ့အရောင်လေး နောက်ပြီး ပုဝါအောက်ကအသည်းပုံချည်ထိုးရယ် အနက်ရောင်အစက်ကလေးတစ်စက်ရယ်ကသူသဘောကျတဲ့ရိုးရှင်းတဲ့အရာလေ။
STAI LEGGENDO
မြို့ဝန်မင်းဝမ်♡ (Complete)