Uni//
"ရွှတ် ' ရွှတ်'"
"ရိပေါ့် မင်းဘယ်လိုဖြစ်နေတာလဲ "
"ရှောင်းရဲ့ယောကျာ်းဖြစ်နေတာလေ ။
ကြည့်ပါအုံး ရှောင်းအိမ်တော်ကသခင်လေး ကျုပ်အိမ်သားက သိပ်ကိုချစ်စရာကောင်းတာပဲ"သူ့မျက်နှာကိုကိုင်ကာပြောလာတဲ့ ရိပေါ်ကိုကြည့်လို့ရှောင်းကျန့်ကနှာခေါင်းရှုံ့တယ် ။
ဒါကပဲရိပေါ်အတွက် ပိုချစ်စရာကောင်းနေတော့တာဆိုတာ ရှေ့ကလူသားကသိမှာမဟုတ်ဘူး။"ကိုယ့်ယောကျာ်းကို မြှောက်ပြောနေတာဆိုလို့မင်းပဲရှိမယ် မြို့ဝန်မင်းဝမ်"
သူ့အပြောကိုတစ်ခြမ်းစောင်းပြုံးလို့ စိုက်ကြည့်လာတဲ့သူ့ယောကျာ်းကိုရှောင်းကျန့်က ပြုံးလို့ပြန်ကြည့်လိုက်တယ် ။
ဒီမနက်ပိုင်း တွေ့ဆုံပွဲအတွက် ဂေါက်ကွင်းကိုသွားရမှာဖြစ်တယ် ။ သူ့ခင်ပွန်းမြို့ဝန်မင်းဝမ်က ငြင်းမယ်ပြောပေမယ့် ဘာမှန်းမသိတဲ့ရှောင်းကျန့်စိတ်က ဝမ်ရိပေါ်ရဲ့ဂေါက်ကွင်းကပုံစံကိုမြင်တွေ့ချင်မိသေးတာမို့ သူပါလိုက်မဲ့အကြောင်းပြောလိုက်တော့ ခွင့်ပြုလာတယ်..
အခုလဲမှန်ရှေ့မှာ အင်ကျီလက်ခေါက်ပေးနေတဲ့ရှောင်းကျန့်ခါးကို သူ့ရဲ့လက်ဖုဝါးကြီးကြီးတွေနဲ့ပွေ့ဖက်ထားကာ တစ်ရွှတ်ရွှတ်နမ်းနေတဲ့ရိပေါ် ..
"ကဲပြီးပြီ သွားမယ် "
"ရှောင်းကဂေါက်ရိုက်ရတာ ဝါသနာပါတာလား"
"ငယ်ငယ်ကပါးပါးနဲ့တစ်ခါပဲလိုက်ကြည့်ဖူးတယ်၊ အခုလဲမင်းရိုက်တာကြည့်မို့လေ "
"ဟုတ်ပါပြီဗျာ ကဲ တက်ပါရှောင်းသခင်လေးခဗျ"
ရှောင်းကျန့်ကခပ်မြူးမြူးဖြစ်နေတဲ့ရိပေါ်ကိုကြည့်လို့ မျက်ခုံးတန်းတွေစုကြုံ့ပလိုက်တယ်။ ပလီပလာတွေ တော်တော်တက်လာတဲ့မြို့ဝန်မင်းပဲ!
......
"ဟားးး မြို့ဝန်မင်းဝမ်ရောက်လာတာပဲဗျ ကြွပါခဗျာ "
ဖိတ်ထားတဲ့သူလို့ထင်ရတဲ့ ယောကျာ်းတစ်ယောက်က လမ်းညွှန်ပြတာထင်တယ် ။
ရိပေါ်ကခေါင်းတစ်ချက်ငြိမ့်ကာ ဆက်သွားတယ်။ ရှောင်းကျန့်ကတော့ မပြုံးမရယ်မျက်နှာနဲ့သာလိုက်လာခဲ့တယ် ၊ လူတွေများများကိုတွေ့ရတာမို့ အသိုင်းအဝိုင်းကြီးတွေတွေ့ဆုံပွဲဆိုတာ မပြောတောင်သိနိုင်တယ် ။
YOU ARE READING
မြို့ဝန်မင်းဝမ်♡ (Complete)