Part .26♡ (Final)

6K 298 24
                                    

Uni //

Wang's Diary _

စာအိပ်နီနီလေးရဲ့ဘေးမှာ ပေါ်လွင်နေတဲ့အနီ‌ ရောင်စာအုပ်လေး ..
ပထမစာမျက်နှာမှာရေးသားထားတဲ့ For 肖ဆိုတဲ့စာသားလေးကအစပြုတယ်...

....

ရိပေါ်ကျောင်းပိတ်ရက် ဖိုးဖိုးရဲ့ "အကုန်နားလည်တက်အောင် ပြင်ပအလည်သွားရမယ်" ဆိုလို့ ခေါ်လာတဲ့ပန်းခြံနဲ့ကစားကွင်းတစ်ခု ။
ရိပေါ်ကို ဖိုးဖိုးကသူများကလေးတွေလို ပျော်ပျော်နဲ့ဆော့ကစားစေချင်တယ်။
ဒါပေမယ့်ဝမ်ရိပေါ်က အဲ့တာမျိုးမကြိုက်ပါ
သူကကလေးဆန်ရတာကိုလုံးဝသဘောမကျ။
ဖိုးဖိုးကပို့ပြီး သူ့ကိုခနထားခဲ့ကာ မြို့ထဲခနထွက်သွားတာမို့ ထိုနေ‌ရာမှာပဲသူထိုင်ကာ ကြည့်နေမိတယ်။ ရိပေါ်ရဲ့ပါးပါးနဲ့မားမားက ငယ်ငယ်ကတည်းကဆုံးပါးသွားခဲ့တာမို့ ဖိုးဖိုးကသာသူ့အတွက်အရာရာ ။ မိသားစုအလိုက်လေးပျော်ရွှင်နေတဲ့ကလေးတွေကိုကြည့်လို့ သူအားကျမိပါတယ် ....

ကလေးတွေဆော့နေချိန်မှာ အသံကျယ်ကျယ်တွေနဲ့ကြားတာမို့ ရိပေါ်ရဲ့မျက်လုံးက ထိုနေရာကိုရောက်ခဲ့တယ် ။ သူမြင်မိတာတော့ အပြုံးချိုချို အရပ်ရှည်ရှည် ပိန်ပါးပါးကိုယ်နဲ့ ကလေးတွေကိုစူးစမ်း‌ဟန်ကြည့်နေတဲ့မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့လူသားတစ်ယောက်ကိုပါပဲ ။ ထိုလူသားကြည့်ရတာ အခုမှ စိတ်ဝင်တစားကြည့်နေတဲ့ပုံစံလေးနဲ့
ခနအကြာ လက်ညှိုးထိုးကာပြူးကြောင်ကြောင်နဲ့ပြောနေတဲ့ လူသားက ရိပေါ်ရဲ့စိတ်ဝင်စားတဲ့မျက်စိကြည့်ရာဖြစ်သွားခဲ့တယ် ...

သူတို့ဝင်ဆော့မရဘူးထင်ပြီး မေးနေတာဖြစ်မယ်ထင်တယ် ။ သူနဲ့ပါလာတဲ့လူတွေက ခေါင်းငြိမ့်ကာပြောနေတာတွေနားထောင်နေဟန်ရှိတဲ့လူသားရဲ့ မျက်ဝန်းလေးတွေက လတ်ခနဲဖြစ်သွားဟန် ။ ကလေးတွေဘက်ကြည့်ရင်း သူ့ဘက်ရောက်လာဟန်ရှိတဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေကြောင့် ထိုနေရာကိုဆန့်ကျင်ကာ ခနကသူကြည့်နေတဲ့ မိသားစုကိုသာမျက်နှာမူထားလိုက်တယ်။ သူ့လက်ကလေးတွေကတော့ စာအုပ်ကလေးကိုကျစ်ကျစ်ပါအောင်ပိုက်ထားမိတယ် ။

ခနအကြာမှာ ဖိုးဖိုးလာခေါ်တာမို့ ထိုလူသားကိုတစ်ချက်ငဲ့ကြည့်လိုက်ကာ သူကားပေါ်တက်သွားလိုက်တယ်။ မသိစိတ်ကနေ နောက်ထပ်အများကြီးဒီလူသားကိုသိချင်နေသေးတယ် ...

မြို့ဝန်မင်းဝမ်♡ (Complete)Donde viven las historias. Descúbrelo ahora