Uni//
Xiao's Diary _
စာအိပ်နီနီလေးတွေ အစီအရီချခင်းထားတဲ့ဘေးမှာ ပေါ်လွင်နေတဲ့အစိမ်းရောင်စာအုပ်လေး...
ပထမစာမျက်နှာမှာ ရေးသားထားတဲ့ For 王ဆိုတဲ့စာသားလေးကအစပြုတယ် ...........
ဒီနေ့ကကျောင်းပိတ်ရက်ထဲမှာ ပထမဆုံး အတန်းကအတန်းဖော်တွေနဲ့အပြင်ထွက်လည်မဲ့နေ့ ။
ရှောင်းကျန့်ကအပြင်ထွက်လည်လေ့ မရှိဘူး ။
ဒါပေမယ့် ဒီနေ့မှာသူလဲလိုက်ကြည့်ချင်တာမို့အတန်းဖော်တွေနဲ့သွားမှာ..
အထက်တန်းပြီးလို့ ကျောင်းပိတ်ရက်ရှည်ခရီးတစ်ခု နောက်နှစ်ဆို သူက ရှေ့နေ့သင်တန်းပထမနှစ်ကိုစတက်တော့မှာမို့ ပထမဆုံးအပြင်ထွက်ရန်လိုက်လာမိခြင်း.......
ပထမဆုံးရောက်ဖူးလို့ထင်ပါရဲ့ အပြင်လာရတဲ့ခံစားချက်က လွပ်လပ်ခြင်းတွေအများကြီးပဲရတယ်။ အတန်းဖော်တွေနဲ့ရုပ်ရှင်ရုံတွေစုံအောင်ပတ်ပြီးချိန်မှာ သူတို့မြို့က ကစားကွင်းနဲ့ပန်းခြံကိုသွားကြမလားလို့ မေးမိခဲ့တာမို့ အခုတော့ ကစားကွင်းနဲ့ပန်းခြံရှေ့မှာ အထက်တန်းပြီးတဲ့ကျောင်းသားတွေဖြစ်တဲ့သူတို့အဖွဲ့ .....
"ရှောင်းကျန့် သွားကစားကြမယ်လေ "
"ဟမ် ဟိုဟာတွေ ငါတို့က ကစားလို့ရတာလား"
"အင်းလေ ရတာပေါ့ "
သူ့ရဲ့လက်ညှ်ိုးထိုးကာပြောပုံကို ဟိုဟာတွေကပြူးကြောင်ကြောင်ကြည့်ကာပြောလာတယ် ။
သူကမသွားဘူးတာမဟုတ်ပါ အခုက ကလေးတအားဆန်တယ်ခံစားရလို့ ...အဖွဲ့လိုက်မို့ပန်းခြံပတ်ကြည့်လိုက် ဆော့လိုက်နဲ့တစ်ကယ်လွပ်လပ်နေတာပါပဲ ။ ဘေးဘီကိုကြည့်မိတော့ မိသားစုတွေနဲ့ကလေးတွေ လာဆော့နေကြတာ ။ တစ်နေရာအရောက်မှာသူ့ရဲ့မျက်လုံးလေးတွေအရောင်လတ်သွားတယ် ...
ခုံတန်းနားမှာထိုင်ကာ ကစားနေတဲ့ကလေးတွေကိုကြည့်နေတဲ့ကောင်လေးတစ်ယောက် ။
ပါးဖောင်းဖောင်းတွေရှိနေသေးပေမယ့် မျက်ဝန်းစူးစူး မျက်ရစ်မို့မို့ ပါးမို့မို့ကြီးတွေ တည်တံ့နေတဲ့မျက်နှာထား မေးရိုးသွယ်သွယ်နဲ့ကောင်လေးတစ်ယောက်ကိုကြည့်လို့ ရှောင်းကျန့်ကပြုံးလိုက်မိတယ် ။
BẠN ĐANG ĐỌC
မြို့ဝန်မင်းဝမ်♡ (Complete)