Uni //
သုံးရက်လောက်ဆေးရုံမှာနေပြီးတာနဲ့ အတင်းဆင်းမယ်ပြောနေတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မှာပြောမရတဲ့အဆုံး ဆေးရုံကဆင်းလာရတယ်။
ပတ်တီးမဖြေရသေးပဲတစ်ပတ်လောက်ထိနေခိုင်းပေမယ့် လူ့ထောင့်မကျိုးကောင်က ပြောမရဆိုမရ ၊ အခုလဲ သူသိချင်တာကိုမေးလို့ပင်မရတာမို့ရှောင်းကျန့်ကစိတ်မရှည်တော့ပါ ။
သူ့ရဲ့ညီလေးလိုမျိုးဆိုရင်တောင် သူလိုလူမျိုးစိတ်မရှည်ပဲခေါင်းခေါက်မိမှာအမှန်.."ဘာဖြစ်လာတာလဲ "
"မောင်ပြောပြီးပြီလေကွာ ဒီတိုင်းလူမှားတာပါစို "
"မင်းငါ့ကိုမပြောသ၍ငါမေးနေမှာပဲ မင်းကိုအဲ့လောက်ထိဘယ်သူမှလူမမှားဘူး ငါ့ကိုမင်းဘာတွေဖုံးကွယ်ထားတာလဲ "
ရိပေါ်မှာ ကုတင်ပေါ်မှာမှီနေရင်း သူ့အိမ်သားလေးရဲ့အစစ်အမေးကိုခံနေရသည်မှာ တစ်နာရီကြာခဲ့ပြီ ။အခုဆိုမျက်မှောင်တွေကြုံ့ကာ သူ့ကိုပါမကြည်ကြည့်နဲ့ကြည့်လာပြီပဲဖြစ်တယ်။
"ဟုတ်ပြီ ဟုတ်ပြီ မောင်ပြောပြမယ် မောင့်ကိုအဲ့လိုကြည့်ပြီးစိတ်ရှုပ်မခံပါနဲ့ "
ရိပေါ်ကပြောကာ သူ့လက်တစ်ဖက်ကိုဖွင့်ထားလိုက်တော့ ရှောင်းကျန့်ကပြူးကြောင်ကြောင်ကြည့်တာမို့ ရယ်မိတယ်..
"မောင့်ရင်ခွင်ထဲလာလေ "
"မင်း ! ငါအကောင်းပြောတယ်မှတ်နေတာငါက ကလေးလား အဲ့လိုလာရအောင် "
"အဟားးး အခုလဲကလေးလိုပဲကို "
"မင်းနော် "
"မောင်နဲ့ဟိုတစ်ခါ အထည်ရုံမှာပြဿနာတက်ဘူးတဲ့တစ်ယောက် သူ့ကိုမောင်ရိုက်လိုက်တာ အဲ့တာမို့သူကပြန်ရိုက်တာ အဲ့တာပဲ "
"မင်း . မင်း ဒီတိုင်းနေမှာလား "
"ဘာလို့မောင်ရိုက်တာလဲ မမေးဘူးလား ?"
ရိပေါ်သူ့အပြောကို သူရိုက်တာကိုတောင်မတွေးပဲ သူ့ဘက်ကပြန်တုန့်ပြန်တာမျိုးကိုမေးနေတဲ့ရှောင်းကျန့်ကြောင့် သူ့မှာအရူးရင့်ရပြန်တာပါပဲ သူ့ခင်ပွန်းလေးက သူ့ကိုစိတ်အရမ်းပူနေတာမလား....
YOU ARE READING
မြို့ဝန်မင်းဝမ်♡ (Complete)