Part. 4♡

4.8K 343 3
                                    

Uni //

သစ်ပင်တန်းတွေရဲ့အရိပ်နားမှာသာ ရှိတဲ့ဆိုင်မှာဝင်ထိုင်ချိန် တစ်ယောက်သောသူရဲ့မျက်နှာက အလိုမကျဟန် ။
ရှောင်းကျန့်ကရိုးရိုးရှင်းရှင်းနဲ့ ရိုးရာအစားအစာကိုစားချင်တယ်ဆိုလို့သာဝင်ခဲ့ရတာ ဆိုင်မှာထိုင်ခါနီး ခုံကိုကြည့်ကာ ကျစ်သပ်လိုက်မိတယ် ။

"ကျစ် နေအုံး "

ပြောလဲပြော ခုန်ဆွဲယူပြီး စားပွဲပေါ်ကချထားတဲ့တစ်ရှူးကိုယူကာ ခုံကိုပြောင်နေအောင်သုပ်ပြီး
ဖုန်တွေကိုမှုတ်ကာခါလိုက်သည် ။
ပြီးမှ ရှောင်းကျန့်ဆီချပေးတာမို့ ဘေးကလူတွေကိုကြည့်မိလိုက်တယ် ။ တော်သေးတာပေါ့ သူတို့အာရုံနဲ့သူတို့မို့ ဒါကသူများဆိုင်မှာဘယ်လိုပဲဖြစ်ဖြစ်မျက်နှာပူစရာကြီးမလား ။
ဒီလူက ဘယ်လိုတောင်အတင့်ရဲရတာလည်း သူ့ကြည့်တော့လည်းဘာမှမဖြစ်ဟန် ရှေ့မှာဝင်ထိုင်နေတယ်။

"အဲ့လောက်ကြည့်နေတာ ကျုပ်ပေါင်ပေါ်ထိုင်ချင်လို့လား "

"မင်း!.."

ရှေ့ကလူအပြောကို ပြန်ပြောမည်အလုပ် စားပွဲထိုးဖြစ်ဟန်တူတဲ့ကောင်လေးက ရောက်လာတာမို့ စကားကိုရပ်လိုက်ပြီး ခုန်ကိုဆွဲကာ ဆက်ခနဲဝင်ထိုင်လိုက်‌တော့ ရှေ့ကလူကတော့ မထီမဲ့မြင်ပြုံးနေပြန်တယ် ။

"မြို့ဝန်မင်းဝမ်ဘာမှာမလဲ ခဗျ ဒီကရှောင်းအိမ်တော်ကသခင်လေးမလား အခုမှ .."

"စကားမများပဲ ရိုးရာအစားအစာအကုန်အမြန်ချပေးရင် အကျိုးရှိမယ်ထင်တယ် "

စူးရဲစွာကြည့်ကာ ဖြတ်ပြောလာသော မြို့ဝန်မင်းကိုကြည့်ပြီး ထိုကောင်လေးကချက်ချင်းပါးစပ်ပိတ်ကာထွက်သွားတယ် ။
ရှောင်းကျန့်က‌ ခေါင်းခါပြီးသာသက်ပျင်းချတယ် ဘယ်‌လိုလူ့ထောင့်မကျိုးနဲ့လာတွေ့ရတာလဲ ဟူးးးး

..........................

စားစရာတွေလာပို့ပြီးချိန် သူစားမယ်အလုပ်မှာလည်း သူ့ရှေ့ရောက်လာတဲ့ ဇွန်း၊ခက်ရင်း တစ်စုံနဲ့တူတစ်စုံ ခနက ပုဝါနဲ့သုပ်နေတာ သူ့ပေးမို့ပေါ့ ဘယ်လိုမျက်နှာပြောင်တိုက်ပြီးအရှက်မဲ့ရတာလဲ။

မြို့ဝန်မင်းဝမ်♡ (Complete)Tempat cerita menjadi hidup. Temukan sekarang