Uni //
ညနေငါးနာရီကျော်ပြီ သူ့ကိုမဟုတ်တရုတ်ပြောသွားသောလူကတော့ လမ်းစပင်မမြင်ရသေး ။
သူ့ကိုမေ့ပြီး အိမ်ရောက်သွားတာတော့မဟုတ်ဘူးမလား ?
အဟမ့် အဲ့လိုဆိုလည်းပိုကောင်းသေး ဘာအရေးလည်းပါးပါးဆီမှာအိပ်လိုက်မှာပေါ့ ။ကျွီ !!'
အိမ်ရှေ့ကကားသံကြားတော့လှည့်ကြည့်လိုက်တယ် ။ မနက်ကအတိုင်းသေသပ်စွာပဲ ချောမောနေပြန်တဲ့မြို့ဝန်မင်းဝမ်ရိပေါ် တစ်လှန်းချင်းလျှောက်လာကာ သူ့မြင်တော့မျက်နှာက မသိမသာပြုံးသွားသလိုမျိုး သူပဲအမြင်မှားတာများလား။
"ကျုပ်ကိုမျှော်နေတာလား "
"ငါးနာရီဆိုပြီး လေလွင့်နေတဲ့လူကို ငါကမျှော်စရာလား"
"ကျုပ်ကိုပြောရက်တာဆိုလို့ခဗျားပဲရှိတယ် ခဗျားပါးရော နှုတ်ဆက်ပြီးပြန်ကြမယ် "
"ပါးပါး သူ့အခန်းမှာ အဟင်း ငါနှုတ်ဆက်ပြီးပြီ"
ရှောင်းကျန့်သူ့ကိုယ်သူမလုံမလဲဖြစ်မိတယ် ။
သူပါးပါးကိုထိုလူလာတာနဲ့ပြန်မယ်လို့ပြောထားပြီး ဒီအောက်ထပ်ရောက်နေတာက စောင့်နေသလိုပဲမလား ။
ရိပေါ်ကတော့ သူ့ရှေ့ကလူကိုကြည့်ကာ ပြုံးမိတယ်။ ဒီလူကတအားအရှက်ကြီးတာပဲ အဟင်း နောက်မရှက်အောင် သူကကျင့်သားရအောင်လုပ်ပေးအုံးမှပါ"လာ အဲ့တာဆိုသွားကြမယ် "
.........................
"ကျုပ်ရေသွားချိုးလိုက်အုံးမယ် "
"အင်း ငါမီးဖိုခန်းသွားကြည့်အုံးမယ် "
"စားချင်တာရှိလို့လား အိမ်တော်ထိန်းကိုပြင်ဆင်ခိုင်းလိုက်လေ "
"မဟုတ်ပါဘူး အဟမ်း ထမင်းပွဲပြင်မလို့ပါ"
ရိပေါ်သူ့ရှေ့ကလူသားကိုကြည့်ကာ ခါးကနေဆွဲလို့ဖက်ထားလိုက်တယ် ။ နားသယ်စပ်နားကိုနမ်းလိုက်ကာ ကိုယ်သင်းရနံ့လေးကိုအဝရှုမိတယ်။
ဒီလူသားကတစ်ကယ့်အမွှေးလုံးလေးပဲနောက်ပြီးသဘာဝလုံးလေး ထိုလူအနားရှိတာနဲ့လူကလန်းဆန်းသွားတာမျိုး ။"မင်း . ရေချိုးမလို့ဆို သွားချိုးတော့လေ "
"ကျုပ်ကခဗျားယောကျာ်းပါရှောင်းရာ မသိရင် လူယုတ်မာကပဲ သူ့ကိုလာထိနေတယ်များထင်နေသလားပဲ "
VOCÊ ESTÁ LENDO
မြို့ဝန်မင်းဝမ်♡ (Complete)