Uni//
သစ်ပင်တန်းတွေအစီအရီနဲ့လမ်းတစ်လျှောက်ကိုမျှော်ငေးနေတဲ့ကျောပြင်နှစ်ခု ၊ ရှေ့တည့်တည့်ကအနည်းငယ်မှိန်နေတဲ့ ကျောင်းဆောင်တစ်ခုကိုကြည့်လို့ လေပြေတွေတစ်ချက်အဝေ့မှာပဲ
လွင့်မြောနေတဲ့ ပုဝါနီနီလေးတွေက ထိုလူနှစ်ယောက်ရဲ့ချိတ်ထားတဲ့လက်ထဲမှာခိုင်မြဲစွာ ။
ထိုလူနှစ်ယောက်ရဲ့မျက်ဝန်းတွေထဲမှာ လွမ်းဆွတ်ခြင်း၊ ကြည်နူးခြင်း ၊နူးညံ့ခြင်းတွေအပြည့်နဲ့သာ ။"မောင်မင်းကို နေ့တိုင်းလာစောင့်ခဲ့တဲ့နေရာလေး "
"အင်း ငါစာအိတ်နီနီလေးတွေ အမြဲရနေကြနေရာလေး"
"မောင်မင်းရဲ့တစ်နေ့တာအပြုံးလေးတွေကို မျှော်ငေးခဲ့တဲ့နေရာလေး"
"တစ်ယောက်သောသူကြောင့် မျက်နှာမညှိုးပဲ
အမြဲပျော်ရွှင်ခဲ့ပြီးပြုံးခဲ့ရတဲ့နေရာလေး""မောင်ဒီနေရာလေးမှာပဲ မောင့်နှလုံးသားရဲ့ဖြစ်တည်မှုအရ အရာရာဖြစ်တည်ခဲ့တာ ။
ချစ်ခြင်း ၊လွမ်းခြင်း ၊ကြည်နူးခြင်း ၊ရင်ခုန်ခြင်း၊ ဝမ်းနည်းခြင်း ၊ ဝမ်းသာခြင်း အကုန်ပဲ ရှောင်းကျန့်ဆိုတဲ့ ရှောင်းအိမ်တော်က ရှေ့နေ့ကျောင်းသားလေးကိုစချစ်မိကတည်းကနေအထိ..""ငါကအများကြီးမပြောတက်ဘူး ဒါပေမယ့် ငါမင်းကို ပထမဆုံးရင်ခုန်မိခဲ့တာပဲ"
"မောင်ပေးတဲ့စာအိတ်နီနီလေးတွေ .."
"အင်း ငါအမြဲသိမ်းထားပြီး အမြဲဖွင့်ဖတ်တယ် "
"ချစ်တယ် အသက်ငယ်ငယ်အရွယ် ဝမ်ရိပေါ်ကနေစပြီး နေ့ရက်တိုင်း အခုအရွယ် ရှောင်းကျန့်ခင်ပွန်း မြို့ဝန်မင်းဝမ်ဖြစ်သည်အထိ ရှေ့ဆက်ပိုလို့ချစ်သွားမယ် ."
"ချစ်တယ် ကျောင်းသားအရွယ် ရှောင်းကျန့်ကနေပြီးတော့ အခုမြို့ဝန်မင်းဝမ်ရဲ့အိမ်သား ရှောင်းကျန့်အထိ ရှေ့ဆက်ပိုလို့ချစ်သွားမယ် "
"မောင်ပြောတိုင်းလိုက်ပြောနေတယ်"
မျက်ခုံးပင့်ကာပြောလာတဲ့ရိပေါ်ကိုကြည့်လို့ပြုံးကာစကားဆိုမိလိုက်တယ်။
"အဲ့တာ မင်းကငါ့ခင်ပွန်းမို့လေ "
"အဟားးး"
YOU ARE READING
မြို့ဝန်မင်းဝမ်♡ (Complete)