Uni//
Yeas ဆိုသူနဲ့စကားပြောနေရင်း ရိပေါ်အိမ်ဘက်ကိုလှန်းလှန်းကြည့်နေမိတယ် ။ရှောင်းကကြာနေတာမို့ ။
ခနနေမှအိမ်ထဲကထွက်လာတဲ့အရိပ်အယောင်လေးကြောင့် သူ့မှာသက်ပျင်းချနိုင် ။ချစ်တော့လည်း ဒီလူကသာကိုယ့်ရဲ့စိတ်အရာရာကိုလွှမ်းမိုးနေတော့တာပါပဲ။
"နည်းနည်းကြာသွားတယ်"
"အင်း မောင့်နားလာထိုင် "
ဘေးခုန်ကိုပုတ်ပြတော့ အသာတကြည်လာထိုင်တဲ့သူ့အိမ်သား ။
ဘေးက Yeas ဆိုသူကိုကြည့်တော့ သူတို့နှစ်ယောက်ကိုပြုံးပြီးကြည့်နေတာတွေ့ရတယ်။"Yeasပြန်တော့မှာလား "
"ဟာ ရှောင်းကျန့်ကအတင်းနှင်လွှတ်နေတယ်"
"အဲ့လိုမဟုတ်တာသိရဲ့နဲ့"
"ငါကစတာ ဒါဆိုသွားပြီ နောက်မှတွေ့ကြတာပေါ့ ရိပေါ်သွားပြီ"
"အင်း"
Yeas သွားပြီးသည့်တိုင်ဘေးကထိုင်နေတဲ့လူသားလေးကငြိမ်နေတာမို့ လှည့်ကြည့်တော့လည်းသူ့ကိုကြည့်နေတာနဲ့သာဆုံသည် ။
မျက်ဝန်းလေးတွေကခပ်လေးလေးနဲ့မို့ သူ့အိမ်သားမူးနေပြီဆိုတာသိလိုက်ရတယ်။"လာပါအုံးဘာလို့ငြိမ်နေတာလဲ မောင့်အိမ်သားလေးက "
"မောင် ~"
"အင်း "
"မောင် "
"အင်း မောင်ရှိတယ် "
"မောင် ~"
"ဗျာ"
"ငါ့ကိုတအားချစ်တာပဲနော် ကြည့်ပါအုံး"
ပြောကာသူ့မျက်လုံးလေးတွေကိုလက်ညှိုးတဲ့ လာထိုးတဲ့ရှောင်းကြောင့် ရိပေါ်ကငြိမ်ငြိမ်လေးနေပေးလိုက်တယ် ။ သူ့မျက်ဝန်းတွေကြည့်ကာပြုံးရောင်သန်းလာတဲ့မျက်ဝန်းလေးတွေ ၊ တစ်ဖြည်းဖြည်းကော့ညွတ်လာတဲ့ နှုတ်ခမ်းပါးလေးကြောင့် ၊ အောက်ကမှဲ့နက်ကလေးကလှုပ်ခတ်သွားတာကိုသေချာမြင်ရတယ် ။
ရှောင်းတော့မသိပေမယ့် သူကတော့ရင်ခုန်သံတွေကမြန်နေတော့တာပါပဲ။ အပြုံးလေးတစ်ချက်နဲ့တင် သူ့ကိုရင်ခုန်သံမြန်စေတဲ့ရှောင်းက သူ့မူပိုင်လေး!.
STAI LEGGENDO
မြို့ဝန်မင်းဝမ်♡ (Complete)