Uni //
"စွဲချက်တင်ခံရသူ ခုံရုံးရှေ့ကိုလာပါ "
ရှေ့ဆုံးကနေ တရားသူကြီးရဲ့စကားကြောင့် ခြေသံကြားမိတော့ နောက်ကနေထွက်လာတဲ့ဟိုလူ ။ရိပေါ်တို့ဘက်သို့ ဒေါသမျက်ဝန်းတွေနဲ့ကြည့်နေတာမို့ ပြုံးပြလိုက်တယ် ။
သေချာတာပေါ့ အေးစက်နေတဲ့အပြုံးဆိုတာ ဘေးကသူ့အိမ်သားကတော့ငြိမ်သက်စွာထိုင်နေတယ် ။"ဘာများချေပစရာရှိပါသေးသလဲ "
"ကျွန်တော်တို့ဘက်ကရှိပါတယ် "
"ပြောစေ "
"မြို့ဝန်မင်းဝမ်ရိပေါ်ကကျွန်တော်တို့မြိူ့ကလူမဟုတ်ပါဘူး ။
ဒါမို့သူ့ရဲ့အသွားအပြန်တိုင်းကို အဲ့လောက်ဘယ်သူမှစေ့စပ်တိကျသိနိုင်မှာမဟုတ်ပါဘူး အရိုက်ခံရတဲ့အကြောင်းအရင်းနောက်မှာလဲ မြို့ဝန်မင်းဝမ်ရိပေါ်ဘက်ကစတင်လုပ်ဆောင်ခဲ့တာပါ ။
ဒါ့အပြင်အရင် မြို့ထဲကဖြစ်ခဲ့တဲ့အရာတွေအတွက်ပါ ကျွန်တော်တို့ဘက်ကပြန်ချေပနိုင်ပါသေးတယ်"တစ်ဖက်ကရှေ့နေဖြစ်ဟန်တူတဲ့လူစကားကြောင့် ဝမ်ရိပေါ်ကရယ်တယ် ။ ရှောင်းကျန့်ကတော့မကျေမနပ်နှင့်သာလက်သီးကိုခပ်တင်းတင်းစုပ်ကာထရပ်မိတယ်။
" ပြန်လည်ချေပတင်ပြခွင့်ပြုပါ "
"ရှေ့နေ့ရှောင်းက အခုမှတရားဝင်ရှေ့နေဖြစ်တာမလား ဘယ်လိုဖြစ်ပြီး "
"ခဗျားကိုစောက်စကားပြောဖို့ဘယ်သူပြောနေလို့လဲ "
ဝမ်ရိပေါ်ကစူးရဲကြည့်လို့ထပြောတဲ့အချိန်ကြ ဟိုလူ့မျက်နှာကမကျေနပ်ဟန် ထိုင်သွားတာတွေ့ရတယ် ကျက်သရေမရှိတဲ့လူတွေ ကျစ်'
"ရှေ့နေရှောင်းကျန့် တင်ပြပါ "
"ကျုပ်ခင်ပွန်ဖြစ်တဲ့မြို့စားမင်းဝမ်ရိပေါ်နဲ့အရင်ထဲအခြေအတင်ဖြစ်ထားတဲ့အကြောင်းမှာလဲ မြို့ကိုဦးစည်းနေတဲ့လူတစ်ယောက်အနေနဲ့မြို့အတွက်လုပ်ရတာကလုပ်ရမှာပါပဲ ။
တစ်ဖက်ကမြို့ကသာ ကျူးကျော်အနိုင်ကျင့်ရင်တော့ချေပနိုင်ခွင့်ရှိတယ် ။
နောက်ပြီး အသွားအပြန်ကိုမသိဘူးဆိုတဲ့လူတွေက ကားထဲကထွက်လာတဲ့လူကိုမမြင်ရအောင် မျက်မမြင်တွေမဟုတ်လို့တောင်ရိုက်နှက်ခဲ့သေးတယ်မဟုတ်ပါလား ။
ခဗျားတို့ဘက်ကလူမှားခဲ့ရင်ပြောတောင် ကျုပ်ယောကျာ်းကအခုချိန်ဘာမှပြန်မပြော မသိတဲ့လူမဟုတ်ပါဘူး ။ နောက်ဆုံးအနေနဲ့ တစ်ပြည်လုံးနဲ့ဆိုင်တဲ့ တရားမဝင်လုပ်ငန်းဆက်တွေရဲ့အကြောင်းအရာတွေအရဆို ချေပချင်တာကရှိသေးတာလား "
YOU ARE READING
မြို့ဝန်မင်းဝမ်♡ (Complete)