7. Phone Sex

3.7K 18 1
                                    

အန်နာ ကိုယ့်ကိုယ်ကို ကံကောင်းသည့် မိန်းကလေးတစ်ယောက်ဟုထင်မိသည်။ တွမ်မီကလည်း အန်နာ့ကိုကြိုက်နေတာတဲ့။

တွမ်မီနှင့် အန်နာ ပထမဆုံးနမ်းဖြစ်ကြသည်မှာ ရုပ်ရှင်ရုံတွင်ဖြစ်သည်။ တွမ်မီ့၏ အနမ်းများမှာ ညင်သာသည်။ အရုပ်ကလေးတစ်ခုကို အကြမ်းပတမ်းလုပ်လိုက်လျှင် ပျက်စီးသွားမှာစိုးသည့် ပုံစံမျိုးဖြစ်သည်။ နမ်းနေစဉ် တွမ်မီ့၏ ရင်ခုန်သံကိုပါ အန်နာကြားနေရသည် ဟုထင်မိသည်။ အန်နာလည်း ရင်ခုန်နေသည်လေ။ ရုပ်ရှင်ရုံက ထွက်လာတော့
"အဲ့တာ ကို့ရဲ့ ပထမဆုံးအနမ်းပဲ သိရဲ့လား" လို့ တွမ်မီကပြောသည်။ အန်နာ ပြုံးပြလိုက်သည်။ ဘာမှတော့ပြန်မပြောမိ။

တွမ်မီနှင့် နမ်းတာထိပဲလုပ်ဖူးသေးသည်။ တွမ်မီက အရပ်ရှည်ပြီး ဗလရှိသည်။ အားကစားလုပ်ပြီး ချွေးထွက်ရတာကို သဘောကျသူဖြစ်သည်။ အန်နာလည်း တစ်ပတ်ကို လေးရက် တွမ်မီနှင့်အတူ gym လိုက်ဆော့ဖြစ်သည်။ တွမ်မီက အန်နာ ထင်ထားတာထက်ကို ပိုဂရုစိုက်တတ်ပြီး ကြင်နာတတ်သူဖြစ်သည်။ တွမ်မီ ပေါ်ပြူလာဖြစ်သည်မှာ အဆန်းမဟုတ်ပါ။ မိန်းကလေးသူငယ်ချင်းတွေကလည်း အန်နာ့ကို အားကျကြသည်။

တွဲလာတာ တစ်လလောက်ကြာတော့ အန်နာ့ပခုံးပေါ်တွင် ခေါင်းကိုမှီထားရင်းက တွမ်မီက မေးသည်။
"တခါတလေများphone sex မလုပ်ကြည့်ချင်ဘူးလား ကိုနဲ့။ ညညဆိုရင် အရမ်းအထီးကျန်တာပဲ"

"အဲ့တာက ဘယ်လိုလုပ်ရတာလဲ။"

"အဲ့အခါကျတော့ ပြောပြမယ်လေ။ မလုပ်ချင်ရင်လည်း ရပါတယ်။ သကြားလုံးလေး သဘော"

"လုပ်မယ်လေ။ လုပ်မယ်။ အထီးကျန်ရင် ဖုန်းဆက်လိုက် ဟုတ်ပြီလား"

ညဆယ့်တစ်နာရီလောက်ကျတော့ တွမ်မီ့ထံမှဖုန်းလာသည်။ ဘာကြောင့် ဖုန်းခေါ်မှန်း အန်နာသိနေသဖြင့် အနည်းငယ် ရင်တုန်မိသည်။
"ဟဲလို သကြားလုံးလေး" တွမ်မီ၏ အသံက သာမန်ထက်တိုးနေပြီး ခပ်အုပ်အုပ် အသံဖြစ်သည်။ တွမ်မီ့၏ အသံမှာ ယစ်မူးချင်စရာ။
"ဟဲလို" အန်နာ၏ အသံမှာ တုန်ယင်နေသည်။

"ကိုယ်ပြောပြမယ်နော်။ နားထောင်မယ်မလား။" တွမ်မီ့ အသံကရီဝေဝေ။

Ana's Sex Life အန်နာ၏ လိင်မှုဘဝWhere stories live. Discover now