11. Hard Times

2.3K 14 1
                                    

စာမေးပွဲ ရလဒ်တွေထွက်ပြီဖြစ်သည်။ အန်နာက အမှတ်ပေါင်း ၄၉၀ရသည်။ တွမ်မီက အမှတ်ပေါင်း ၅၁၃ မှတ်။ အန်နာစဉ်းစားကြည့်တော့ မြို့တော်မှာ ကျောင်းတက်ရန်ဆုံးဖြတ်လိုက်သည်။ မေဂျာတော့မစဉ်းစားရသေး။ ဒီလောက်ဆိုလျှင် အမှတ်ကောင်းသည် ပြောလို့ရသဖြင့် ကြိုက်တဲ့မေဂျာ ရနိုင်သည်။

တွမ်မီ့က ဩစတြေးလျ သွားမည်ဟုပြောသံကြားသည်။ သူ့အစ်ကိုကလည်း အော်ဇီမှာကျောင်းတက်ပြီးလို့ အလုပ်လုပ်နေသည်လေ။

ဆုံနေကျ ကော်ဖီဆိုင်လေးမှာ အန်နာတို့ တွေ့ဖြစ်ကြသည်။ အန်နာ တွမ်မီ့ကို မျက်နှာချင်းမဆိုင်နိုင်သဖြင့် ခေါင်းငုံကာ ကော်ဖီအေးခွက်ကိုကြည့်နေမိသည်။

"နင် အော်ဇီသွားမှာဆို"

"ဟုတ်တယ်။ ငါ့အစ်ကို..."

"အစကတည်းက ပလန်ကရှိပြီးသားလား"

တွမ်မီက ခေါင်းကို ပြတင်းပေါက်ဖက်လှည့်လိုက်သည်။

"အင်း..."

"ငါ့ကိုဘာလို့ ကြိုမပြောခဲ့တာလဲ" အန်နာအသံက တုန်ယင်နေပြီး အနည်းငယ် ကျယ်လောင်သွားသည်။ အန်နာ မျက်ရည်ပါ ကျချင်လာသည်။ အန်နာ စိတ်ကို ထိန်းပြီး အတတ်နိုင်ဆုံး အေးအေးဆေးဆေးဖြစ်အောင်ပြော နေရသည်။
"ငါ့ကိုဘာလို့ ကြိုမပြောတာလဲလို့။ အကြောင်းပြချက်က ဘာလဲ။ မြန်မြန်ပြောစမ်းပါ။ ငါ့ကို ဘာလဲ ဘာလဲ လို့မေးနေရအောင် စိတ်မချရအောင် ဘာလို့ လုပ်နေတာလဲ။ နင်ကမပြောရင် ငါက ထင်ချင်တာတွေထင်ကုန်တော့မှာမလား" အန်နာ တကယ် မျက်ရည်ကျလာမိသည်။

"...ငါတို့ ...အနေဝေးချစ်သူတွေလုပ်လို့ရတာပဲလေ... "

"ဘာ အဲ့တာက အဖြေလား။ နင်က ဘယ်နှနှစ်တောင်သွားမှာမလို့လဲ တစ်နှစ် နှစ်နှစ်လည်း မဟုတ်ဘူး။ အမြဲတမ်းနေဖို့တောင်ကြံစည်နေတာမလား။ နင်က အဲ့ဒီ အနေဝေးချစ်သူဆိုတဲ့ ဟာကိုယုံကြည်လို့လား အလုပ်ဖြစ်မယ်လို့။ ငါက... ငါက..." အန်နာ ဘာလို့ဒီလောက်တောင်ဝမ်းနည်းလာမှန်းမသိတော့။ စကားဆက်မပြောနိုင်ပဲ ငိုချလိုက်မိသည်။ အန်နာ အဲ့ဒီနေ့က တစ်ညလုံးငိုမိသည်။

Ana's Sex Life အန်နာ၏ လိင်မှုဘဝDonde viven las historias. Descúbrelo ahora