4. Oh Jack!

4.1K 16 0
                                    

နောက်တစ်နေ့မနက် မိုးလင်းလင်းချင်း မနေ့ညက အကြောင်းကို စဉ်းစားနေမိသည်။ အန်နာ့နှုတ်ခမ်းများက ဂျက်၏နှုတ်ခမ်း အရသာကိုရနေဆဲဖြစ်သည်။ အန်နာ့ကို ပွေ့ဖက်ထား သည့် ဂျက်၏ သန်မာသောလက်များကို တောင့်တသတိရနေမိသည်။ ဂျက်၏ ဆံနွယ်များကို လက်ဖြင့်ထိုးဖွချင်မိသည်။ အို ဂျက်နဲ့သာ တူတူအိပ်ခွင့်ရမယ်ဆိုရင် မနက်မိုးလင်းလင်းချင်း ဂျက်ကို နမ်းရှုတ်နိုင်မည်ဖြစ်သည်။ အန်နာ အတွေးများနှင့်ပြုံးမိသည်။ တခစ်ခစ်ရီကာ အိပ်ရာကို လက်နဲ့ထုနေမိသည်။ မျက်နှာသစ်၊ သွားတိုက်ရင်းနဲ့လည်း မနေ့ညက အကြောင်းကိုပဲ ထပ်တလဲလဲ တွေးနေမိသည်။

ရုတ်တရက် အမှန်တရားက ရိုက်ခတ်လာသည်။ အန်နာနှင့် ဂျက်က ဘယ်တော့မှ တရားဝင်သမီးရည်းစားဖြစ်ခွင့် ရမည်မဟုတ်။ အမြဲ လူမသိအောင်နေရမည့် အနေအထားမျိုးဖြစ်နေသည်။ အန်နာ ပြုံးချင်စိတ်မရှိတော့။
ဂျက်နှင့် အနမ်းချင်းဖလှယ်မိသည့် အဖိုးအခက အရင်ကလို စကားပြောရင်းနှီးကြသည့် အချစ်ဆုံးသူငယ်ချင်း ဂျက်ကို ဆုံးရှုံးရမည့် ပုံပေါက်နေသည်။ ဂျက်နဲ့ ကြာကြာတောင်စကားမပြောဖြစ်တာကြာပြီလေ။ ပြောရင်လည်း အနှစ်မပါတဲ့ စကားတွေသာဖြစ်သည်။ ငါတို့နှစ်ယောက် ဆက်ဆံရေးကဘာလဲ။ ငါကရော ဘယ်သူ့ကိုလိုချင်တာလဲ။ အချစ်ဆုံးသူငယ်ချင်း ဂျက်လား၊ အနမ်းချင်း
ဖလှယ်ကြမယ့် ဂျက်လား။ နှစ်ခုစလုံးရော ရနိုင်ပါ့မလား။ ဂျက်က ငါ့ကိုစိတ်ဖျော်ဖြေရာပစ္စည်းတစ်ခုလို သဘောထားတာများလား။ ငါကလွယ်နေလို့ စားလိုက်မယ်ဆိုတာမျိုးထင်နေတာလား။ ငါ့ကို အထင်သေးတာလား။
မဖြစ်တော့ဘူး ဂျက်နဲ့ဒီကိစ္စရှင်းမှ ဖြစ်တော့မယ်။

မိသားစု နှစ်စု မနက်ရှစ်နာရီတွင် ဟော်တယ်မှကျွေးသည့် မနက်စာကိုစားကြသည်။ ဂျက်ကို သေချာမကြည့်မိ။ မကြည့်ရဲတာဖြစ်သည်။ ဂျက်ကရော ဘယ်လိုခံစားနေရသလဲ သိချင်သည်။

ကိုးနာရီကျလျှင် ကမ်းခြေမှာ ရေကစားကြမယ်။ ကမ်းခြေကထိုင်ခုံတန်းမှာ ဆုံကြမယ်လို့ပြောပြီး ကိုယ့်အခန်းကို ပြန်တက်ခဲ့ကြသည်။

အန်နာ အခန်းထဲသို့ဝင်ပြီးနောက် ကိုယ့်ကိုယ်ကို
မနှိပ်စက်တော့ပဲ ဂျက်ကိုမေးမည်ဆိုပြီး အခန်းထဲမှ
ပြန်ထွက်လိုက်သည်။ ဂျက်အခန်းတံခါးကို ခေါက်
လိုက်သည်။
"ဝင်ခဲ့ လော့ချမထားဘူး" တံခါးတစ်ဖက်မှ ဂျက်၏ အသံကိုကြားလိုက်ရသည်။ အန်နာ အခန်းထဲသို့ဝင်လိုက်သည်။
ဂျက်က တံခါးကိုကျောပေးပြီး ကုတင်ပေါ်မှာထိုင်ကာ
ဖုန်းပြောနေသည်။

Ana's Sex Life အန်နာ၏ လိင်မှုဘဝTempat cerita menjadi hidup. Temukan sekarang