14. First Time

3.3K 25 0
                                    

တီ...တီ...တီ... ဖုန်းမြည်သံ။ အန်နာ မှန်တင်ခုံရှေ့မှာ နှုတ်ခမ်းနီတောင့်ကို အဖုံးဖွင့်မလို့ လုပ်ရာကနေ ခဏရပ်လိုက်ရင်း ဖုန်းကိုလှမ်းကြည့်လိုက်သည်။ "Mr. Aaton's driver" ဟုပေါ်နေသည်။ ဖုန်းကိုင်လိုက်သည်။
"ဟဲလို...ခဏနေရင်အောက်ဆင်းလာခဲ့ပါမယ်။"

"ဟုတ်ကဲ့"

ဖုန်းထဲမှ နာရီကြည့်လိုက်သည် 9:00 pm. အန်နာ မှန်ထဲကို ကြည့်လိုက်သည်။ နှုတ်ခမ်းနီကို အောက်ချလိုက်ကာ နှုတ်ခမ်းအဆီကို သာဆိုးလိုက်သည်။ ဖုန်းကိုဆွဲကာ အပြင်ထွက်လိုက်သည်။

နောက်ခန်းကားတံခါးကို ဒရိုက်ဘာက ဖွင့်ပေးကာ ရပ်စောင့်နေသဖြင့် ကားနောက်ခန်းကပဲ တက်လိုက်သည်။ ကားထဲသို့ရောက်သောအခါ ဖုန်းကိုဖွင့်လိုက်ပြီး တွမ်မီနှင့် စကားပြောခန်းထဲသို့ ဝင်ကာ စာတစ်စောင်ပို့လိုက်သည်။

"ငါတို့ အဆင်မပြေနိုင်တော့ဘူး။ လမ်းခွဲရအောင်။"

ဖုန်းကို airplane mode ပြောင်းပြီး ချထားလိုက်သည်။

      ***

အိမ်အကူကောင်မလေး ညွှန်ပြသောအခန်းထဲသို့ တံခါးဖွင့်ကာ ဝင်လိုက်သည်။ ကျွန်းရောင်တောက်နေသော တံခါးကြီးမှာ ဆယ့်ငါးပေလောက်မြင့်မည် ထင်သည်။ အခန်းကျယ်ကြီးထဲတွင် မီးအဝါရောင် ခပ်မှိန်မှိန်သာထွန်းထားသည်။ မျက်နှာကျက်မှ မီးဆိုင်းများက တလက်လက်တောက်ပနေသည်။ မစ္စတာ အေတန်က အပြာရင့်ရောင်ပိုးသားညဝတ်အင်္ကျီကိုဝတ်ထား၍ သားရေဆိုဖာကြီးပေါ်တွင်ထိုင်ကာ ဆေးပြင်းလိပ်တစ်လိပ်ကို ပါးစပ်တွင် ခဲထားလေသည်။ မစ္စတာ အေတန်က အန်နာဝင်လာသည်ကို တစ်ချက်မျှလှည့်မကြည့်ဘဲ ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေသည်။

မစ္စတာအေတန် အာရုံစိုက်နေသော မြင်ကွင်းကိုကြည့်လိုက်ရာ အန်နာ့အဖို့လည်း အံ့အားသင့်သွားစေရသည်။ မီးမဖိုထားသော မီးလင်းဖိုရှေ့၊ အဖြူရောင်သားမွှေးကော်ဇော်ပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ကာမစပ်ယှက်နေခြင်းဖြစ်သည်။

အန်နာကြောင်ကြည့်နေရာမှ မစ္စတာအေတန်က လက်ယပ်ခေါ်လိုက်သဖြင့် မစ္စတာအေတန် အနားသို့သွားလိုက်သည်။

Ana's Sex Life အန်နာ၏ လိင်မှုဘဝWhere stories live. Discover now