တွမ်မီ့၏ လက်များက အန်နာ့၏ပေါင်ပေါ်တွင်ဆော့ကစားနေလေသည်။ လူဝီ့ရဲ့ စပ်ဖြီးဖြီး အမြင်ကပ်စရာအပြုံးကိုမြင်ယောင်လာမိသည်။ ဂျက်၏ ဘာမှမဖြစ်ခဲ့သလိုနေနိုင်ခဲ့မှုကို သတိရမိသွားသည်။
"ခဏ... ခဏ... ငါ... ငါ... မလိုချင်တော့ဘူး... မလုပ်တော့နဲ့ ... ငါ အဆင်သင့်မဖြစ်သေးဘူး..."
"အမွှေးမရိတ်ထားမိတာတို့ ဘာတို့ဆိုရင် ဘာမှ စိတ်ပူစရာမရှိဘူးနော်။ ကိုယ်က ရတယ်။" တွမ်မီကပြောရင်း အန်နာ့လက်ချောင်းလေးများကို နမ်းလိုက်သည်။
"အဲ့လိုမဟုတ်ဘူး။ တကယ် အဆင်မပြေဘူး။" အန်နာ အသံက နည်းနည်း ဒေါသသံပါသွားသည်။
"အင်း... အိုကေ..."
အန်နာတို့ သန့်စင်ခန်းထဲမှ ပြန်ထွက်လာကြသည်။ အပြင်က လေးယောက်လုံးရဲ့ မျက်လုံးက အန်နာတို့နှစ်ယောက်အပေါ်မှာ။ မိုက်ကယ်က မျက်ခုံးပင့်ကြည့်သည်။ ဘယ်လိုလဲ ဘရားသားဆိုတဲ့သဘောမျိုး။ အန်ဂျလင်းက အသီးတွေစားနေသည်။ လူဝီ၏ စပ်ဖြဲဖြဲအပြုံးက ရှိနေဆဲ။ ထရေစီ့ မျက်လုံးများက မူးနေပုံပေါ်သည်။ ထရေစီက လူဝီ့ပေါင်ပေါ်တွင် ခေါင်းလေးတင်ကာ လှဲနေသည်။
အပြန်တွင် ထရေစီမူးနေတာက သေချာသွားသည်။ ခြေလှမ်းတွေက ယိုင်နေသဖြင့် လူဝီက တွဲခေါ်လာသည်။
"အိုကေ အားလုံးပဲ ငါ ထရေစီကို ပြန်လိုက်ပို့လိုက်မယ်"လူဝီကပြောသည်။
မိန်းကလေးထဲတွင် အန်ဂျလင်းကသာ ဆိုင်ကယ်ပါသည်။ အလာတုန်းက အန်ဂျလင်းက အန်နာကို လာခေါ်ခြင်းဖြစ်သည်။
"အဆင်မပြေလောက်ဘူး။ အန်ဂျလင်း နင်နဲ့ငါနဲ့ ပြန်လိုက်ပို့လိုက်ရအောင် ထရေစီကို ကြားထဲကစီးခိုင်းပြီးတော့" အန်နာကဝင်ပြောလိုက်သည်။
"ဟုတ်တယ် မူးနေတာကို ယောကျာ်းလေးကပြန်ခေါ်လာတာဆိုရင် ထရေစီ့အတွက်မကောင်းဘူး။ ငါ့အိမ်မှာ ခဏအိပ်ခိုင်းလိုက်မယ် ပြီးမှ ညနေမှ ပြန်လိုက်ပို့လိုက်မယ်" အန်ဂျလင်းကပြောသည်။
"အေး ဟုတ်တယ်ဟေ့ အဲ့တာပိုကောင်းတယ်" တွမ်မီက ဝင်ပြောသည်။
လူဝီရဲ့ မျက်နှာတွင်အပြုံးပျောက်သွားသည်။
"အေးပါ နင်တို့ပဲ ပို့လိုက်တော့"
VOCÊ ESTÁ LENDO
Ana's Sex Life အန်နာ၏ လိင်မှုဘဝ
Romance🔺စိတ်ကူးယဉ်ထားသောစာပေဖြစ်ပါသည်။ 🔺ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။ 🔺ကြိုက်ရင် vote ခဲ့ကြပါအုံး။ 🔺မှတ်ချက်နဲ့ ကွန်မန့်လေးတွေရေးပြီး အထင်အမြင်လေးတွေ ပြောခဲ့လို့လည်း ရပါတယ်နော်။ ကြိုက်ရင် သူငယ်ချင်းတွေကိုလည်း ရှယ်ပေးလိုက်ကြပါအုံး ❤️