8. Karaoke Room 1

2.8K 14 0
                                    

အန်နာတို့အဖွဲ့ ကာရာအိုကေဆိုင်ကို တစ်ခေါက်ရောက်ကြပြန်သည်။ အတွဲတွေကတော့ အန်နာနှင့် တွမ်မီ၊ မိုက်ကယ်နှင့် အန်ဂျလင်း၊ လူဝီနဲ့ ထရေစီ တို့ဖြစ်ကြသည်။ တကယ်တော့ အန်နာတို့က မှောင်မှောင်အေးအေး ခပ်ဆူဆူ အခန်းထဲမှာ ဒိတ်ချင်ကြလို့ဖြစ်သည်။ ဒီအရွယ်လေးနဲ့ တည်းခိုခန်းတို့ ဟိုတယ်တို့ကလည်း သွားလို့မကောင်း၊ အိမ်ကသိသွားလျှင် အကြီးအကျယ်ကွိုင်မည့်ကိစ္စမျိုး ဖြစ်သည်။ သူငယ်ချင်းတွေနဲ့ တူတူလျှောက်သွားမှာလို့ ပြောတော့ အိမ်ကလည်း လွှတ်သည်။

အန်နာတို့ စျေးပေါသည့် ခပ်ချိုချို ဝိုင်တစ်ပုလင်းနှင့် ဘီယာလေးခွက်မှာကာစမ်းသောက်ဖြစ်သည်။ အမြည်းကတော့ သစ်သီးစုံနှင့်cheese။ အန်နာ ဝိုင်နှစ်ခွက်သောက်ပြီး နည်းနည်း မူးသွားသည့်ခံစားချက်ရလိုက်သည်။ ထပ်မသောက်ချင်တော့။ သီချင်းဆိုချင်စိတ်လည်း မရှိ။ တွမ့်မီ့၏ ပုခုံးပေါ်သို့ ခေါင်းလေးတင်ထားလိုက်သည်။ တွမ်မီ့၏ လက်က အန်နာ့ကို ထွေးပွေ့ထားသည်။

မိုက်ကယ်နှင့် အန်ဂျလင်းက သီချင်းဆိုကာ ကနေကြသည်။ သူတို့နှစ်ယောက်လုံး ရသည့် သီချင်းမှာ ဂျက်စတင်ဘီဘာ သီချင်းများဖြစ်သောကြောင့် မောင်ဂျေဘီ သီချင်းများကိုသာ ဆက်တိုက်နားထောင်နေရသည်။ လူဝီနှင့် ထရေစီကတော့ လူကြီးရုပ်ရှင်ရိုက်နေသလားအောက်မေ့ရသည်၊ ပွတ်သပ်နမ်းရှုပ်နေကြသည်။

တွမ်မီက "ဝိုင်ထပ်ထည့်အုံးမလား သကြားလုံးလေး"

"မထည့်တော့ဘူး" အန်နာပြန်ဖြေလိုက်သည်။

"မနေ့က ကိုယ်နည်းနည်း အားနာပြီး မျက်နှာပူသွားတယ်။ ကိုယ်ကြိုမပြောမိဘဲ..."

အန်နာ တွမ်မီ့၏ စကားဆုံးအောင်နားမထောင်တော့ဘဲ တွမ်မီ့ကို ရွှတ်ခနဲ တစ်ချက်နမ်းလိုက်သည်။
"ဘာကိုအားနာတာလဲ... ငါ့ကိုနမ်းပါ တွမ်..." အန်နာ နည်းနည်း နှာသံထည့်ပြီးဆွဲဆောင်မှုရှိအောင်ပြောလိုက်သည်။ တွမ်မီက နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။ တွမ်မီက ဘီယာခွက်ကိုင်ထားသည့် လက်ကိုချသည်။ လက်တစ်ဖက်က  အန်နာ့၏ကျောပြင်ပေါ်ကိုတင်ထားကာ လက်တစ်ဖက်က အန်နာ့၏ လည်ပင်းကို ခပ်ဖွဖွကိုင်ထားသည်။ တွမ်မီ့၏ စူးရှသော အကြည့်များက အန်နာ့ကို ရင်ဖိုစေသည်။

Ana's Sex Life အန်နာ၏ လိင်မှုဘဝWhere stories live. Discover now