ဗုဒ္ဓဟူးနေ့ နေ့လည်
နေ့လည်စာကို ရိုစီနဲ့ အတူ ကျောင်းကန်တင်းမှာ စားနေချိန်။ ခရစ်ထံက မက်ဆေ့ရောက်လာသည်။ မက်ဆေ့ကို မဖတ်ရသေးသော်လည်း ခရစ်မှန်း သိလိုက်ကတည်းက အလိုလိုပြုံးမိသည်။
"ဘယ်သူလဲ... ဘယ်သူ့ရဲ့ မက်ဆေ့က ငါရဲ့ အန်နာကိုပြုံးစေတာလဲ"
"ခရစ်ပါ ဟီးဟီး"
"နင်တို့က ဘာတွေလဲ။ ဘာတဲ့လဲ ဘာပို့လိုက်တာလဲ"
"ဒီနေ့ည Night out ထွက်ချင်လားတဲ့"
"ထွက်မယ်လို့ ပြောလိုက်။ ငါလည်း လိုက်ချင်တယ် လို့ပြောလိုက်"
"တကယ်ကြီးလား"
"အင်းလေ မြို့ထဲမှာ club ကောင်းကောင်းတစ်ခုငါတွေ့ထားတယ်။ အဲ့ဒီကိုသွားမယ်လို့ ပြောလိုက်"
"ဟား ဟား သူက ဂျွန်နီနဲ့ ဂျေးကိုရော ခေါ်အုံးမလားတဲ့"
"ခေါ်ရမှာပေါ့လို့"
"ဒါနဲ့ ရိုစီ... ငါ တစ်ခါမှလည်း club မသွားဖူးဘူး။ ငါဘာဝတ်သွားရင်ကောင်းမလဲ"
"Sexy ဖြစ်တာဝတ်... အဝတ်လေးတွေက တိုလေကောင်းလေပဲ ဟီးဟီး"
အန်နာက စိတ်လေဟန် မျက်နှာထားလုပ်ပြကာ ခေါင်းခါပြလိုက်သည်။
"နင်နဲ့ ခရစ်က ဘာတွေလဲလို့ မေးတာ နင်မဖြေရသေးဘူးနော်"
"ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း သူငယ်ချင်းပဲပေါ့"
"မပြောချင်လည်းနေပေါ့။ ငါကတော့ ပြောစရာရှိတယ်။ ခုတလော ဂျွန်နီက ငါ့ကိုလာလာပြီး အီစီကလီလုပ်နေတယ်လို့ ထင်တာပဲ။ နင်စဉ်းစားကြည့် သူကဖုန်းဆက်တယ်ကွာ "ငါ နင်ကြိုက်တဲ့ကိတ်မုန့်ဆိုင်ရောက်နေတယ်၊ cheese cake စားချင်လား၊ ငါဝယ်ခဲ့မယ်" ဆိုတာမျိုးလေ။ သူနဲ့ငါနဲ့က နီးနီးနားနားနေတာလည်း မဟုတ်ဘဲနဲ့"
"ဟုတ်ပါရဲ့ ... နင်ကရော သဘောကျလား..."
"ငါကတော့... ငါ့ကိုလာကြိုက်တဲ့သူတွေ အရမ်းများတာဆိုတော့ ရွေးရအုံးမှာပေါ့ ဟီးဟီး"
"အေးပါ အေးပါ"
"ပြီးတော့ သူငယ်ချင်းကနေမှ ရည်းစားဖြစ်ပြီး ပြတ်သွားရင်... အာ ငါ့ပါးစပ်က ဘာလို့ ဒီစကားထွက်လာတာလဲ။ အတော်ဆိုးတဲ့ ပါးစပ်ပဲ။ တောင်းပန်ပါတယ်" ရိုစီက သူ့ပါးစပ်ကို ရိုက်ရင်း ချစ်စရာပုံလေး လုပ်ပြသည်။
ESTÁS LEYENDO
Ana's Sex Life အန်နာ၏ လိင်မှုဘဝ
Romance🔺စိတ်ကူးယဉ်ထားသောစာပေဖြစ်ပါသည်။ 🔺ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။ 🔺ကြိုက်ရင် vote ခဲ့ကြပါအုံး။ 🔺မှတ်ချက်နဲ့ ကွန်မန့်လေးတွေရေးပြီး အထင်အမြင်လေးတွေ ပြောခဲ့လို့လည်း ရပါတယ်နော်။ ကြိုက်ရင် သူငယ်ချင်းတွေကိုလည်း ရှယ်ပေးလိုက်ကြပါအုံး ❤️