5. The Awkward After

3.5K 15 0
                                    

ကျန်တဲ့ သုံးညကို ဘယ်လိုဆက်လက် ဖြတ်ကျော်ရမည် မသိတော့။ ဂျက်၏ အထိအတွေ့မှာသာယာပြီး နောင်မှ နောင်တရမှာကိုကြိုသိနေသည်။ ခဏတာ သာယာမှုနဲ့ နောင်တရမှုကို မလဲသင့်ဟု အန်နာထင်သည်။ လူတွေက အထိအတွေ့ကို မလွန်ဆန်နိုင်ဘူးဆိုတာ အခုမှနားလည်တော့သည်။ ငြင်းသင့်သည်ကို ဦးနှောက်ကသိနေသော်လည်း ခန္ဓာက မလိုက်နာပေ။ ဂျက် ဒီလိုလုပ်နေတာကို ရပ်ခိုင်းမှ ဖြစ်တော့မည်။ ပြတ်သားမှ ဖြစ်တော့မည်။

ဒုတိယမြောက်ည ညစာစားချိန်တွင် စားပွဲအောက်မှ ဂျက်၏ ခြေထောက်က အန်နာ့ ခြေထောက်ကို လာလာစနေသည်။ အန်နာ ဇွန်းကို စားပွဲပေါ်ပစ်ချလိုက်သဖြင့် "ချွန်" ဟု အသံထွက်သွားသည်။ အမေက ရိုင်းစိုင်းသည့် အပြုအမူအတွက် မျက်လုံးနှင့်ဆူလေသည်။ အန်နာဖုန်းကို ထုတ်လိုက်ပြီး မက်ဆေ့ပို့လိုက်သည်။ ဂျက်ထံသို့
"ဂျက် နင်ဒီလိုလုပ်နေတာကို ရပ်လိုက်ပါတော့။ မဟုတ်ရင် ငါအကျယ်ကြီးအော်ပြီး နင်ငါ့ကို ထိကပါးရိကပါးလုပ်နေတယ်လို့ တိုင်လိုက်မယ်"

ဂျက်က ဖုန်းကိုထုတ်ကြည့်လိုက်သည်။ မျက်မှောင်တစ်ချက်ကျုံ့သွားသည်။ တစ်စက္ကန့်လောက်။ အန်နာကလည်း မြင်ဖြစ်အောင််မြင်လိုက်သည်။ ဂျက် ရဲ့ခြေထောက်က အန်နာ့ဆီ အလည်မလာတော့။

ညဆယ့်တစ်နာရီလောက်ကျတော့ အန်နာ့ အခန်းတံခါးခေါက်သံကြားသည်။ တံခါးထဖွင့်လိုက်သည်။ ဂျက်ဖြစ်သည်။ ဂျက်ရဲ့ လက်က အန်နာ့ပါးပြင်ကို ထိရန်ကြိုးစားသည်။ အန်နာ ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။
"ဟင့်အင်း။ ငါမလိုချင်တော့ဘူး။"
အန်နာ တံခါးပြန်ပိတ်လိုက်သည်။ မှန်ကန်သော ဆုံးဖြတ်ချက်ဟု ယူဆလိုက်သည်။ ရင်ထဲမှာ ဝမ်းနည်းစိတ်လေး ကိန်းအောင်းနေသည်။
"မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ" အန်နာ အသံထွက်ကာ ရွတ်လိုက်သည်။

ကျန်တဲ့ နှစ်ရက်မှာလည်း အန်နာ ဂျက်ကို ပုံမှန် အတိုင်းပဲ ဆက်ဆံပေးလိုက်သည်။ ပုံမှန် သူငယ်ချင်းကို စကားပြောသလိုရိုးရိုးသားသား ဆက်ဆံသည်။ ဂျက်က ဒီဂိမ်းကို ဆော့ချင်နေတာလေ။ လုပ်ချင်တာလုပ်ပြီး မသိချင်ယောင်ဆောင်တဲ့ ဂိမ်း။ ငါလည်း ဝင်ဆော့ပေးရမှာပေါ့။

Ana's Sex Life အန်နာ၏ လိင်မှုဘဝOù les histoires vivent. Découvrez maintenant