မနက် ၇ နာရီ။ အန်နာ မနက်ခင်းအိပ်ရာမှ နိုးနိုးချင်းဖုန်းကိုအရင်ကြည့်လိုက်မိသည်။ မနေ့က အစီအစဉ်မရှိဘဲ မက်ဆေ့တစ်ကြောင်းဖြင့် တွမ်မီကို ရက်ရက်စက်စက် ရုတ်တရက် လမ်းခွဲခဲ့မိသည့်အတွက် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိသလိုလိုပင်။
"6 missed calls" နှင့်စာတစ်စောင်။ ထင်ထားသလောက် အသည်းအသန် ဖြစ်မနေခဲ့သဖြင့် အန်နာ ရီချင်မိသည်။ သူတို့နှစ်ယောက်က အစကတည်းက အေးစက်နေပြီးသားဖြစ်နေခဲ့သည်။ တွမ်မီ့ အသည်းကိုခွဲခဲ့မိပြီလားဟု စိတ်ပူနေခဲ့မိသည်မှာ အလကားပင်ဖြစ်သည်။ စာတစ်စောင်ကို ဖွင့်ကြည့်လိုက်မိသည်။"နင်နဲ့ ငါနဲ့ သူငယ်ချင်းတော့ ဆက်ဖြစ်နေသေးလို့တော့ ရတယ်မလား။ နင်ပျော်ရွှင်ပါစေ။"
ဟာသပဲ။ ဒီတစ်ခါ တကယ်အသည်းကွဲသူမှာ အန်နာပင် ဖြစ်သည်။ ဒီထက်ပိုသော စကားများနှင့်ဆွဲထားလိမ့်မည်ဟု ထင်ထားခဲ့သည်။ ပြဿနာရှာပြီး သောင်းကျန်းလိမ့်မည်ဟု ထင်ထားခဲ့သည်။ အန်နာ့ ပါးပေါ်သို့ မျက်ရည်စက်များ လိမ့်ဆင်းလာခဲ့သည်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်က မရှိ။ အန်နာ့၏ ပန်းပွင့်လေးကလည်း နည်းနည်း နာကျင်နေသလိုဖြစ်နေသည်။
ဖုန်းထဲမှ နိုတီကြည့်လိုက်ရာ အန်နာ့၏ဘဏ်အကောင့်ထဲတွင် သိန်းသုံးဆယ်ရောက်နေလေသည်။ ဒီပမာဏက နည်းသလိုလိုနှင့် များသောပမာဏဖြစ်လေသည်။ တန်သလား မတန်သလားတော့ မသိပေမယ့် အလွယ်တကူရခဲ့သောပိုက်ဆံဖြစ်လေသည်။ မဟုတ်သေးပါဘူး အန်နာတစ်ယောက် ပြည်တန်ဆာလိုမျိုးဖြစ်နေလေပြီလား။ အိပ်ရာထဲမှာပဲ အန်နာ မျက်စိကိုဆက်မှိတ်ထားလိုက်ရာမှ အိပ်ပျော်သွားသည်။
ဖုန်းမြည်သံကြားလို့ အန်နာ အိပ်ရာမှနိုးသွားခဲ့သည်။
ဖုန်းခေါ်ဆိုသူမှာ ရိုစီ။
"ဒီနေ့ ဘယ်သွားစရာရှိလဲ။ ငါတို့ ဂျွန်နီတို့ ပန်းချီပြခန်းသွားချင်လို့ လိုက်ခဲ့ပါလား။ ငါလာခေါ်လှည့်မယ်"
"ငါ... အိပ်နေတုန်း..."
"အဲ့တာဆို အဆင်ပြေတာပေါ့။ ငါကော်ဖီဝယ်နေတာ။ နင့်ဖို့ပါဝယ်ခဲ့မယ်။ ဆယ်မိနစ်လောက်ဆိုရင် နင်တို့အိမ်ရောက်ပြီ။ ငါ့ကို စောင့်ရအောင်မလုပ်နဲ့နော်။ ဒါပဲ။"
YOU ARE READING
Ana's Sex Life အန်နာ၏ လိင်မှုဘဝ
Romance🔺စိတ်ကူးယဉ်ထားသောစာပေဖြစ်ပါသည်။ 🔺ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။ 🔺ကြိုက်ရင် vote ခဲ့ကြပါအုံး။ 🔺မှတ်ချက်နဲ့ ကွန်မန့်လေးတွေရေးပြီး အထင်အမြင်လေးတွေ ပြောခဲ့လို့လည်း ရပါတယ်နော်။ ကြိုက်ရင် သူငယ်ချင်းတွေကိုလည်း ရှယ်ပေးလိုက်ကြပါအုံး ❤️