ထို့နေ့နောက်ရက်များတွင် အထွေအထူးကိစ္စလည်း မရှိ။ အန်နာ စာဖတ်ရင်းသာ အချိန်များကို ကုန်ဆုံးခဲ့သည်။ အန်နာ၏ ဘဏ်အကောင့်ထဲတွင် ငွေရှိသည် ဆိုသည့် အသိက အန်နာကို လုံခြုံကျေနပ်စေသည်။ မစ္စတာအေတန်ကလည်း အန်နာကို မခေါ်သဖြင့် အန်နာ ညဘက်များတွင်အားနေလေသည်။ အန်နာ၏ ခန္ဓာကိုယ်ပေါ်မှ မစ္စတာအေတန်၏ လက်များ၊ အထိအတွေ့များကိုတော့ သတိရမိ သလိုရှိသည်။
တွမ်မီ့ အကြောင်းကိုတော့ မတွေးဖြစ်အောင်ကြိုးစားသည်။ သူငယ်ချင်းတွေကလည်း အန်နာ့ရှေ့မှာ တွမ်မီ အကြောင်းမပြောဖြစ်အောင် ထိန်းကြသည်။
အင်္ဂါနေ့ မနက်တစ်ခုတွင် ခရစ်က ဖုန်းခေါ်လာသည်။
"ဟဲလို ခရစ်""အင်း... ဘာလုပ်နေလဲ ...ဖုန်းပြောဖို့အားရဲ့လား"
"မနက်ရှစ်နာရီလေ။ အတန်းသွားဖို့ပြင်ဆင်နေတာပေါ့"
"မနက်တစ်ပိုင်း အတန်းပျက်လို့ရလား။"
"အင်း... ရတယ်"
"ငါနဲ့လျှောက်လည်ရအောင်...လာခေါ်မယ်"
"ဘယ်သွားမှာလဲ..."
"ကော်ဖီဆိုင်"
"အိုကေ။ ဘယ်အချိန်လောက် ဒီကိုရောက်မှာလဲ"
"၁၅ မိနစ်လောက်ဆိုရောက်ပြီ"
"အင်း ရောက်ရင်ဖုန်းဆက်လိုက်။"
ဆံပင်စီးသွားဖို့ အန်နာ အစကစီစဉ်ထားခဲ့သည်။ သို့သော် လက်က အလိုလို အံဆွဲကိုဖွင့်မိရက်သား။ အံဆွဲထဲက အပူချောင်းဖြင့် ဆံပင်ကို ပုံကျသွားအောင် ပုံသွင်းလိုက်သည်။ ပုလဲနားဆွဲလေးတပ်လိုက်သည်။ အန်နာ sneaker စီးဖို့စီစဉ်ထားရာမှ တစ်လက်မဒေါက်အဖြူလေးကိုပြောင်းစီးလိုက်သည်။
"ငါအခု ခရစ်ရှေ့မှာလှနေဖို့ကြိုးစားနေတာလား။ ရီရသားပဲ။" အန်နာ ပြုံးမိသည်။
အန်နာ့ကို ခရစ်က ကားတံခါးဖွင့်ပြီး စောင့်နေသည်မျိုး မဟုတ်ပါ။ ခရစ်က ဟွန်းတစ်ချက်တီးလိုက်သည်။ အန်နာက ကားပေါ်တက်လာခဲ့သည်။
"လောလောလတ်လတ် ရည်းစားနဲ့ ပြတ်ထားတာဆို..." ခရစ်က ကားထွက်သည်နှင့်မေးသည်။
YOU ARE READING
Ana's Sex Life အန်နာ၏ လိင်မှုဘဝ
Romance🔺စိတ်ကူးယဉ်ထားသောစာပေဖြစ်ပါသည်။ 🔺ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။ 🔺ကြိုက်ရင် vote ခဲ့ကြပါအုံး။ 🔺မှတ်ချက်နဲ့ ကွန်မန့်လေးတွေရေးပြီး အထင်အမြင်လေးတွေ ပြောခဲ့လို့လည်း ရပါတယ်နော်။ ကြိုက်ရင် သူငယ်ချင်းတွေကိုလည်း ရှယ်ပေးလိုက်ကြပါအုံး ❤️