Ep - 3

1.9K 132 20
                                    

Shopping Mall မှာ ရှိတဲ့ အများသုံး အိမ်သာ သွားတဲ့ ဘက်မှာ ဆံပင်အတိုကိုမှ အဖျားမှာ အရှည်ပဲ တမင် ထားတာလား ဆက်ထားတာလား မသိတဲ့ ကောင်လေး တစ်ယောက် နံရံကို မှီပြီး ရပ်နေတာ တွေ့လိုက်တာကြောင့် ရှောင်းကျန့် သူ ရုပ်ရှင်ရုံထဲမှာ နားကျပ် ပေးထားရတဲ့ ကောင်လေးလားလို့ တွေးမိသွားသည်။

ကောင်လေးတွေ အများကြီး ရှိနိုင်ပေမယ့် အဲ့လို ထူးဆန်းတဲ့ ဆံပင်ပုံစံနဲ့ ထားတဲ့ ကောင်လေးကတော့ အများကြီး မရှိနိုင်ဘူးမလား။

ရှောင်းကျန့် အိမ်သာဘက်ကို မသွားပဲ ကောင်လေးရဲ့ အနားကို လျှောက်လာတော့မှ တကယ်ပဲ သူ နားကျပ်ပေးထားတဲ့ ကောင်လေး ဆိုတာ သေချာသွားသည်။ ဘာလို့ဆို အဲ့ကောင်လေးရဲ့ လက်ထဲမှာ သူ့ရဲ့ Black Butterfly ရှိနေပြီမလား။

အဲ့ဒါကြောင့် ကောင်လေးဆီ သွားတဲ့ သူ့ရဲ့ ခြေလှမ်းတွေ ပိုမြန်ဆန်သွားသည်။

' အဲ့လောက်ထိ စိတ်ဝင်စားဖို့ ကောင်းနေတာလား။'

ရိပေါ် နားကျပ်ပေါ်က လိပ်ပြာက အရမ်းသေးတော့ သေချာကြည့်နေတုန်း သူ့မြင်ကွင်းထဲ ရှူးဖိနပ် ပေါ်လာရုံအပြင် အသံကိုပါ ကြားလိုက်ရတာကြောင့် မျက်လွှာပင့်ကြည့်လိုက်သည်။

အဲ့လူရဲ့ မျက်နှာကို ကြည့်လိုက်တာနဲ့ နှုတ်ခမ်းအောက်နားက မှဲ့ကို အရင်ဆုံး အကြည့်ရောက်သွားသည်။ ရုပ်ရှင်ရုံထဲက လူ ...။

ရှောင်းကျန့် သူ့ကို ကြည့်ပြီး ဘာမှမပြောလာတဲ့ ကောင်လေးကို ပြန်ကြည့်ပြီး နားကျပ်ကို မေးဆတ်ပြလိုက်ရင်း ...

' အဲ့နားကျပ်က ကိုယ့်ဟာ ...'

ရိပေါ် သူ အဲ့လူရဲ့ မျက်နှာကို ကြည့်ပြီး ကြောင်နေတုန်း အဲ့လူဆီက အသံ ထပ်ထွက်လာတာကြောင့် ရှက်သွားပြီး လက်ထဲက နားကျပ်ကို ကမ်းပေးလိုက်သည်။

' သိတယ်။ ရော့ ...'

ရှောင်းကျန့် နားကျပ်ကို လှမ်းယူပြီး အပြင်င်္အကျီရဲ့ အတွင်းအိတ်ထောင်ထဲက ဗူးကို ထုတ်လိုက်သည်။

ရိပေါ် အနက်ရောင် လိပ်ပြာကို စိတ်ဝင်စားနေတာကြောင့် အဲ့လူရဲ့ အပြုအမူတိုင်းကို လိုက်ကြည့်နေမိတာ ဖြစ်ပြီး အခုလည်း အဲ့လူ ထုတ်လာတဲ့ အနက်ရောင် ဗူး ပေါ်မှာလည်း နားကျပ်မှာလိုမျိုး တစ်ပုံစံတည်း တူတဲ့ လိပ်ပြာ စတစ်ကာ ကပ်ထားတာကို ထပ်မြင်လိုက်ရသည်။

Papillon  ( Completed )Where stories live. Discover now