Ep - 22

936 64 13
                                    

ပေကျင်း ...

ည ၇ နာရီ အချိန်လောက်တွင် ကား အမဲ တစ်စီးထဲမှာ အရှေ့ခန်းမှာ နှစ်ယောက် ထိုင်ပြီး အနောက်ခန်းမှာ တစ်ယောက်တည်း ထိုင်ရင်း လိုက်ပါ လာတဲ့ ကောင်လေး ၃ ယောက် ရှိသည်။

လီမင် နောက်ကြည့်မှန်ထဲကနေ အနောက်ခန်း မှာ ထိုင်နေတဲ့ ကွမ်းဟွား ဆီ တစ်ချက်ကြည့်လိုက်ပြီး ...

' ကျင်းရှင်း ငါတို့ ကွမ်းဟွား ကို အရင်ပို့ပြီးမှ ပြန်မယ်လေ။ သူ့အိမ်က အရင် ရောက်မှာ ဆိုတော့။'

ကျင်းရှင်း အနောက်မှာ ထိုင်နေတဲ့ ကွမ်းဟွား ကို သူပါ လိုက်ကြည့်လိုက်ပြီး ...

' မလိုဘူး။ ကွမ်းဟွား က အခု ငါ့တိုက်ခန်းမှာ လာနေ နေတာ။ အဲ့ဒါကြောင့် မင်း ကိုပဲ အရင်ပို့ပေးမယ်။'

' ဘယ်လို !!!! သူက မင်း ဆီ လာနေတယ်။ ဘယ်တုန်းကလဲ?? ဘာလို့ ငါက မသိရတာလဲ။'

ကျင်းရှင်း ကား အပြင်ဘက် ဘက်ခ်မှန် ထဲကနေ နောက်က ကား လာ လား မလာဘူးလား ကြည့်ပြီး အချက်ပြမီး သုံးရင်း လမ်းကြောင်း ပြောင်းယူလိုက်ပြီး ...

' ငါတို့ ရိပေါ် ဆီကနေ ပြန်လာတော့ သူက ငါ့အိမ်ရှေ့မှာ စောင့်နေတာ။ သူ အိမ်ပေါ်က ဆင်းလာတာတဲ့။ အဲ့ဒါကြောင့် ငါနဲ့ အတူ ခေါ်ထားလိုက်တာ။'

လီမင် ကျင်းရှင်းရဲ့ စကားကြောင့် မျက်ခုံးတွေ တွန့်ချိုးသွားရပြီး အနောက်က ငြိမ်နေတဲ့ ကွမ်းဟွားဆီ ထပ်ပြီး လှည့်ကြည့်လိုက်သည်။

' မင်း ကို အရမ်းချစ်တဲ့ အဒေါ် အပျိုကြီးတွေက မင်းကို အိမ်ပေါ်က နှင်ချတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။ တကယ် နှင်ထုတ်ခဲ့တယ် ဆိုလည်း မင်း သူတို့ စိတ်ဆိုးအောင် ဘာတွေ လုပ်လိုက်လို့လဲ။'

' သူ လိင်တူ ကြိုက်နေတာ သူ့အိမ်က သိသွားလို့။'

' ကောင်းသားပဲ ....

ဘာ !!!!!!.????.'

လီမင် ကျင်းရှင်းရဲ့ စကားကို ခေါင်းညိတ် ထောက်ခံနေပြီးမှ သူ ထောက်ခံတာ မှားတာကို ပြန်သတိရပြီး အော် လိုက်တော့သည်။

ကွမ်းဟွား ကတော့ လီမင် ရဲ့ ဖြစ်ပျက်သွားတဲ့ မျက်နှာ အမူအရာကြောင့် ဘယ်လိုနေ၊ ဘာပြောရမှန်း မသိပဲ မျက်ရည်တွေ ကျချင်လာပါသည်။

Papillon  ( Completed )Where stories live. Discover now