Ep - 4

1.6K 116 14
                                    

" B&G" Bar ...

လီမင် အခန်းထဲ ပြန်ဝင်လာတဲ့ ရိပေါ် ကို ကြည့်ပြီး ကျင်းရှင်း ကို တံတောင်နဲ့ တို့ပြီး အချက်ပြလိုက်သည်။

ကျင်းရှင်း လီမင် ပြတဲ့ နေရာ ကြည့်တော့ သခင်လေး ဝမ် မျက်နှာစူပုပ်ပြီး အခန်းထဲ ပြန်ဝင်လာတာ တွေ့လိုက်ရတာကြောင့် ရိပေါ် ဆိုဖာမှာ ထိုင်ချလိုက်တာနဲ့ အနား သွားထိုင်ပြီး မေးလိုက်သည်။

' ဘာလဲ ... အန်တီဝမ် ပွမ် လိုက်ပြီလား။'

ရိပေါ် ခါတိုင်းဆို သူများ မျက်နှာမကောင်းတာ တွေ့တာနဲ့ ဘာဖြစ်တာလဲဆိုတာ ဒက်ခနဲ ဒက်ခနဲ မှန်အောင် ပြောနိုင်တဲ့ ကျင်းရှင်း ဆီက မမှန်တဲ့ ခန့်မှန်းမှု ထွက်လာတော့ မျက်နှာက ပိုလို့ အလိုမကျ ဖြစ်သွားသည်။

' မား လား??? ငါ့ကို ပွမ် မှာ။'

' အဲ့ဒါဆို ဘာဖြစ်နေတာလဲ။ ဒီနေ့ တစ်ယောက်တည်း စောင့်ရတော့မှာကို မစောင့်ချင်လို့ အရင်ဆုံး ဆန္ဒပြနေတာလား။'

ရိပေါ် သူ့အနား ထပ်ရောက်လာပြီး သူတောင် မစဉ်းစားမိတာကို လာစွပ်စွဲပြန်တဲ့ လီမင် ကြောင့် အခုချိန်မှာ သူ့ဘေး တစ်ဖက် တစ်ချက်က နှစ်ကောင်ကို ဆောင့်ကန်ပစ်ချင်စိတ်ပဲ ပေါ်လာပါတော့သည်။

' ဘာတွေ လာပြောနေတာလဲ။ မင်းတို့ ပြောတာ တစ်ခုမှ မဟုတ်ဘူး။'

' အဲ့ဒါဆို ဘာဖြစ်တာလဲ။ မင်းမှာ စိတ်ညစ်ရမယ့် ကိစ္စ၊ ဒါမှမဟုတ် သဝန်တိုရမယ့် ရည်းစားလည်း မရှိပါဘူး။'

ရိပေါ် ဒီတစ်ခါတော့ အမှန်တကယ် ဆောင့်ကန်ပစ်လိုက်တော့သည်။

' ဖုန်း !!!!
ချီးကို ရည်းစား မရှိ။ မထားချင်လို့ မထားတာ။'

' အဟက် !!!.'

ကျင်းရှင်း အကန်ခံလိုက်ရပေမယ့် စိတ်မဆိုးပဲ အသံထွက်ပြီးတောင် ရယ် လိုက်သည်။ အဲ့လို ရိပေါ် ဆတ်ဆတ် ထိ မခံလေ ပို စ လို့ ကောင်းလေ မဟုတ်လား။

' မင်း ကလည်းကွာ မရှိလို့ မရှိဘူး ပြောတာလေ။ ပြော ... မင်းမှာ ရှိလို့လား။'

' ချီကျင်းရှင်း !!!!!!.'

' ကဲပါ ... ကျင်းရှင်း ရိပေါ် ကို စ မနေနဲ့တော့။ သူ့မှာ ဘာကိစ္စမှ မရှိရင်လည်း ငါတို့ ပြန်ရအောင်။'

Papillon  ( Completed )Where stories live. Discover now