Ep - 15

1K 56 6
                                    

ပြင်သစ် နိုင်ငံ ...

ရှောင်းကျန့် လေဆိပ်ရဲ့ အဆောက်အအုံ ထဲမှာ သူ့ အဝတ်သေတ္တာ ကို ဘေးနား ထောင်ထားရင်း သူ့ကို လာကြိုမယ် ဆိုတဲ့ ကျဲ ကို ဟိုရှာ ဒီရှာနဲ့ စောင့်နေသည်။

ဟိုဟို ဒီဒီ ရှာနေစဉ် သူ့မြင်ကွင်းထဲမှာ ကျဲ တစ်ယောက်တည်းတင် မဟုတ်ပဲ ကျဲ ရဲ့ လက်ကို တွဲရင်း ကျဲ နဲ့ အတူ လာနေတာ သူ ချစ်ခဲ့ဖူးတဲ့ သူ့ရဲ့ အချစ်ဦး ယုံးမိန် ဖြစ်နေတာ တွေ့လိုက်ရသည်။

' ရှောင်း !!!!!.'

ရှောင်းကျန့် သူ့ကို မြင်တာနဲ့ သူ့နာမည် ခေါ်ပြီး အနားကို ချက်ချင်း ပြေးလာတဲ့ ယုံးမိန် ကြောင့် လက်မောင်းကို လာတွဲခိုလိုက်တာကိုပဲ ဖြုတ်ရမလို ၊ ဒီတိုင်းပဲ ထားရမလို နဲ့ အပြုံးကလည်း အီလည်လည်ကြီး ဖြစ်နေသည်။

' ယုံးမိန် !!!.'

အဲ့ဒီအချိန်မှာပဲ ကျဲ ပါ အနား ရောက်လာပြီး ၊ ကျဲ ရဲ့ နောက်ကနေ ကျော်လာပြီး ယုံးမိန် ကို သူ့ဘက် လာဆွဲခေါ်သွားတဲ့ အမျိုးသား တစ်ယောက်ကိုပါ ထပ်တွေ့လိုက်ရတာကြောင့် ဥာဏ်ပြေးတဲ့ ရှောင်းကျန့် တစ်ယောက် အဲ့ဒီလူရဲ့ အပြုအမူ ကို ကြည့်ပြီး ယုံးမိန် နဲ့ ပတ်သက်နေမယ်ဆိုတာ သိလိုက်သည်။

' ကိုကြီး ... သူက ရှောင်း ဆိုတာလေ။'

သူ့ရဲ့ မတော်လိုက်ရတဲ့ ငယ်ချစ်ဦး ကို တွေ့တာနဲ့ ယုံးမိန် တစ်ယောက် သူ့မှာ ရည်းစား ငုတ်တုတ် ရှိနေတာကို တမင် မေ့ပြီး မျက်နှာ ပြောင်စွာနဲ့ပဲ သူ့ ငယ်ချစ်ဦးကိုတောင် သူ့ရဲ့ လက်ရှိ ရည်းစားနဲ့ မိတ်ဆက်ပေးနေပါသေးသည်။

ချန်းဖူ ယုံးမိန် သူ့ကို မချစ်မှန်း သိပေမယ့် ခုလို ယုံးမိန်ရဲ့ ငယ်ချစ်ဦး ရှေ့မှာ အရှက်ခွဲ ခံလို့ မဖြစ်တာကြောင့် မကျေနပ်ချက်တွေကို စိတ်ထဲမှာ သိမ်းထားလိုက်ပြီး အရင်မျက်နှာယူဖို့ တွေးလိုက်သည်။

' ကိုယ်က ဝမ်ချန်းဖူ၊ ယုံးမိန် ရဲ့ ချစ်သူ။'

' ဝမ်ချန်းဖူ !!!!!!.'

ရှောင်းကျန့် သူ့အရှေ့မှာ လက်ဆန့်ထုတ်လာပြီး နာမည်ပြောပြီး မိတ်ဆက်လာတဲ့ လူကို သေချာကြည့်ပြီး အဲ့လူရဲ့ နာမည်ကို သံယောင် လိုက် ပြောရင်း တစ်ခုခု ကို သတိရသွားသည်။

Papillon  ( Completed )Where stories live. Discover now