Ep - 33

865 49 4
                                    

ရာဘာခြံ တစ်ခြံထဲတွင် ...

' ဟွားလေး ... အဲ့လို မလုပ်ရဘူး။ လာ ... ဦးလေး ပြမယ်။'

ကွမ်းဟွား ဒီနေ့ ပါး နဲ့ ခြံထဲ လိုက်ရဖို့ အတင်းပြောထားတာကြောင့် ခြံထဲ ရောက်နေတာ ဖြစ်ပြီး၊ ပါး က ဒီတိုင်းကြည့်နေဖို့ ပြောတာကို နားမထောင်ပဲ ရာဘာပင် တစ်ပင်မှာ သူများတွေ လုပ်နေတာကို အတင်း ဝင်လုပ်နေတာ ဖြစ်သည်။

ခုတော့ သူ လုပ်တာ အမြင်မတော်လို့ ထင်တယ်၊ ဘေးက ဦးလေး တစ်ယောက်ဆီက အသံ ထွက်လာခဲ့ပြီ။

' သူက တည့်တည့် မခြစ်ရဘူး။ ဘေး တစ်စောင်းကိုမှ လမ်းကြောင်းရာ နက်နက် ပေးပြီး ခြစ်ရတာ။ အဲ့ဒါမှ အစေးရည်တွေက လမ်းကြောင်း အတိုင်း ကျလာမှာ။'

ကွမ်းဟွား သူ့ကို လုပ်ပြနေတာကို ကြည့်ပြီး ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။

' ဒါနဲ့ သားက ဘယ်တုန်းက အိမ်ပြန်ရောက်နေတာလဲ။ ဟိုတစ်နေ့ကတောင် ဦးလေး ဆရာနဲ့ အိမ်လိုက်ခဲ့သေးတယ်။ သား ကို မတွေ့ပါဘူး။'

' စာမေးပွဲ ပြီးလို့ မနေ့ကမှ ပြန်လာတာ။
ပေး ... ဦးလေး သား ဆက်လုပ်လိုက်မယ်။ သား လုပ်တတ်ပါတယ်။ မလုပ်တာ ကြာလို့ မေ့သွားတာ။'

' ဟုတ်ပါပြီ။ ဒါပေမယ့် သတိထားနော်။ ဟိုနေ့က အလုပ်သမား တစ်ယောက် ဓားနဲ့ ရာဘာပင် မခြစ်မိပဲ၊ သူ့လက်ကို ခြစ်မိသွားလို့ အခု ဆေးရုံတောင် သွားတင်ထားရတယ်။'

ကွမ်းဟွား ဦးလေး ပြောမှ အပင်ကို ခြစ်ဖို့ ပြင်နေတာကို လက်တွန့်သွားခဲ့သည်။

' အဲ့လောက်ထိ ဖြစ်သွားတာလား။'

' သူက အဖျားကလည်း ရှိနေတာလေ။ အလုပ် မပျက်ချင်တော့ ဖျားနေတာကို ကြိတ်မှိတ်ပြီး လာလုပ်တာပေါ့။ အဲ့မှာ ... လက်ကို ဓားနဲ့လည်း ခြစ်မိရော သွေးတွေ မြင်ပြီး သတိလစ်သွားတာ။'

' ဪ ... အဲ့လိုလား??? မသိပါဘူး။ ရာဘာပင် ခြစ်တဲ့ ဓားနဲ့ ခြစ်မိတာကို ဆေးရုံထိ ရောက်သွားတယ်ဆိုတော့ ... အဟင်း ဟင်း ...'

ဘေးက ရပ်နေတဲ့ ဦးလေးကြီးကတော့ သူတို့ ဆရာရဲ့သား တ ဟင်း ဟင်း ရယ်သွမ်းသွေးပြီး ကြောက်သွားတာကို ပြန်ဖာတာကို ကြည့်ရင်း သဘောတွေ ကျပြီး ပြုံးချင်ချင် ဖြစ်နေပါသည်။

Papillon  ( Completed )Where stories live. Discover now