Ep - 44 ( Final )

2.5K 63 4
                                    


ဘန်ဂလို သို့ ရောက်သော် ...

' ဟွန့် ...'

ရှောင်းကျန့် စူပုပ်ပုပ်နဲ့ အသံပေးပြီး ဆိုဖာ မှာ ထိုင်ချလိုက်တဲ့ ဝမ်ရိပေါ်ကို ကြည့်လိုက်ရင်း သူ ပါ ထိုင်လိုက်ပြီး ...

' ဘာဖြစ်တာလဲ။? တစ်လမ်းလုံးလဲ စူပုပ်လာတယ်။ ဟို အန်တီ အိမ်မှာလည်း မျက်နှာက လူသတ်တော့မယ့် အတိုင်းနဲ့။'

' ဘာဖြစ်ရမှာလဲ။ ကိုကို က ဘာလို့ သူ့အိမ်ထဲထိ လိုက်သွားတာလဲ။ သူတို့ ကိုကို့ ကို ကျိန်စာ တိုက်ထားတာ မမှတ်ဘူးလား။'

' ဪ ... ရိပေါ်ရယ် ထားလိုက်ပါ။ အဖွားလည်း မရှိတော့ပါဘူး။ ပြီးတော့ ငါ့ရဲ့ ကျိန်စာ ပြယ်တဲ့ နည်းလမ်းကို အန်တီက ပဲ ပြန်ပြောပြတာလေ။ ကျေ လိုက်ပါတော့။'

ရိပေါ် ခုမှ အရမ်းကို ကိုယ်ချင်းစာ တရား ပြည့်ဝပြီး တည်တည်ငြိမ်ငြိမ် နဲ့ ပြောနေတဲ့ သူ့ရဲ့ ကိုကို ကို မျက်စောင်းထိုးလိုက်ပြီး ...

' ကျိန်စာ ပြယ်တဲ့နည်းလမ်း ဆိုလို့ ပြောရအုံးမယ်... အဲ့ဒီ တစ်ယောက်ကလည်းနော် ကိုကို့ ကို အသေရရ အရှင်ရရ ယူမယ်လို့များ ဆုံးဖြတ်ထားတာလား မသိဘူး။ သူ့ အဖေကိုတောင် ကိုကို့ အကြောင်း စုံစမ်းခိုင်းလိုက်သေးတယ်။'

' အဆိုးထဲက အကောင်း လို့ တွေးလိုက်ပေါ့။ သူတို့ ငါ့နောက်ကြောင်း မလိုက်ရင် ကျိန်စာ က ရှိနေသေးလား၊ ပြယ်ပြီလား မသိရဘူးလေ။ အခုတော့ အကုန်လုံး ပြီးဆုံးသွားပြီ။ အန်တီ လည်း ငါ့ကို ဒူးထောက်ချ မတတ် တောင်းပန်ပြီးပြီ။ စိတ်ကောင်းကောင်း ထားပေးလိုက်ပါ။'

ရှောင်းကျန့် သူ့ကို ဘာမှပြန်မပြောပဲ တင်ပလ္လင်ခွေ ထိုင်ရင်း စူပုပ်နေသေးတဲ့ ရိပေါ်ရဲ့ ခေါင်းကို ပုတ်ပေးရင်း ...

' မင်းက ဝမ်းတောင် သာ ရအုံးမှာလေ။ မဟုတ်ရင် ငါ ရည်းစားတွေ မှိုလိုပေါက်အောင် ထားပြီး ခုချိန် အိမ်ထောင်ကျရင်တောင် ကျနေလောက်ပြီ။ မင်းနဲ့လည်း တွေ့မှာ မဟုတ်ဘူး။'

ရိပေါ် ကိုကို ပြောတဲ့ ဒီစကားကိုတော့ တကယ် ယုံပါသည်။ ကျိန်စာ သာ မရှိရင် ကိုကို နဲ့ ဟိုမိန်းမကြီး ညားပြီးနေလောက်ပြီ။

Papillon  ( Completed )Where stories live. Discover now