Ep - 24

919 63 7
                                    

ပေကျင်း တက္ကသိုလ် ... ကျောင်းကန်တင်းတွင်

' မေ့မေ့ ... ကိုယ် ဒီမှာ !!!!.'

ချောဝ်မေ့ ကြည့်လိုက်တော့ သူ့ချစ်သူ ယွီ့လန် နဲ့ အရမ်းလှတဲ့ မိန်းကလေးတစ်ယောက် အတူ ထိုင်နေကြသည်။

ချောဝ်မေ့ ဟိုဘက်ကို အကြည့်လွှဲပြီး သူ့သူငယ်ချင်းဘက်ကို ကြည့်လိုက်သည်။

' နင်တို့ ငါနဲ့ပဲ အတူလိုက်ထိုင်မလား။ ပြီးတော့ သူနဲ့လည်း နင်တို့နဲ့ သေချာ မမိတ်ဆက်ပေးရသေးဘူးလေ။'

ကျင်းရှင်း သူတို့အဖွဲ့နဲ့မှာ ရိပေါ် တစ်ယောက်ပဲ နည်းနည်း sensitive ဖြစ်တာကြောင့် ရိပေါ်ကို ကြည့်လိုက်ပြီး ...

' ရိပေါ် ဘယ်လိုလဲ??? ချောဝ်မေ့နဲ့ပဲ အတူသွားထိုင်လိုက်မလား။'

ရိပေါ် သူ့လက်က နာရီကို ကြည့်လိုက်၊ ကန်တင်းထဲကို ဝေ့ကြည့်လိုက် လုပ်ပြီး ...

' အခုနေ တစ်ဝိုင်းသပ်သပ် ထိုင်ရအောင်လည်း ဘယ်နေရာမှာမှ မလွှတ်တော့ဘူး။ သူနဲ့ပဲ သွားထိုင်လိုက်တာပေါ့။'

~~~~~~~~

' မင်း ကောင်မလေးကလည်း အဲ့လို ယောကျာ်းလေးတွေ တရုန်းရုန်းနဲ့ပဲလား။'

ယွီ့လန် သူ့ကျဲ ရဲ့ စကားကြောင့် မျက်နှာပျက်သွားခဲ့သည်။ ပြီးမှ သူတို့ဝိုင်းဆီ လာနေတဲ့ ချောဝ်မေ့ နဲ့ သူ့သူငယ်ချင်းတွေဆီ ကြည့်လိုက်ပြီး ...

' ချောဝ်မေ့ က အဲ့လို မိန်းကလေး မဟုတ်ပါဘူး။ ပြီးတော့ သူ့သူငယ်ချင်းတွေထဲမှာလည်း မျိုးရိုးနိမ့်တဲ့ လူ မပါဘူး။ အကုန်လုံး အသိုင်းဝိုင်းကြီးထဲကပဲ။'

ယုံးမိန် သူ့မောင်လေး ကြည့်တဲ့ ဆီကို လိုက်ကြည့်လိုက်တော့ ယောကျာ်းလေး ၄ ယောက်က အရပ်တွေ တူနေကြပြီး အဝေးကနေ မြင်နေရတာတောင် ပိုက်ဆံချမ်းသာတဲ့ ကလေးတွေဆိုတာ သိသာနေတာမို့ ဘာမှဆက်မပြောပဲ နေလိုက်သည်။

ယွီ့လန် သူ့ချစ်သူ အနားရောက်လာတာနဲ့ ထ ရပ်ပြီး ခုံ အရင်ဆွဲပေးလိုက်သည်။

' မေ့မေ့ ... လာ ... ထိုင်။ ကျန်တဲ့ လူတွေလည်း ထိုင်နော်။ အားမနာနဲ့။ သူက ကျနော့် အမ ပါ။ မနေ့ကမှ ပြင်သစ်က ပြန်ရောက်တာ။'

Papillon  ( Completed )Where stories live. Discover now