Ep - 13

991 62 5
                                    

" Nan Hai" ပြခန်း ရဲ့ မှန်တံခါး ကို တွန်းဖွင့်လိုက်ပြီး ပြခန်း အတွင်းရှိ အဝင် ဝ ရဲ့ တည့်တည့်မှာ ထိုင်နေကြတဲ့ အစ်မကြီး နှစ်ယောက် ဆီကိုပဲ တန်းသွားလိုက်သည်။

' ဟယ် ... ဟိုတစ်ခါ လာတဲ့ ချောချောလေးနဲ့ မောင်လေး မလား။'

' ဒီတစ်ခါလည်း ဘောစ့် ကို လာတွေ့တာပဲလား။'

ရိပေါ် သူတောင် ဘာမှမပြောရသေးဘူး သူ့ကို မြင်ရုံနဲ့ ချက်ချင်း မေးလာတဲ့ အစ်မကြီး နှစ်ယောက်ကို ခေါင်းပဲ ငြိမ့်ပြလိုက်သည်။

' အဲ့ဒါဆိုတော့ စိတ်မကောင်းပါဘူး။ ဘောစ့်က ဒီနေ့ပဲ ပြင်သစ် သွားဖို့ လေဆိပ် သွားခဲ့ပြီ။'

' ဗျာ !!!!.'

ဆုန်းဆုန်း ဘောစ့် မရှိဘူး ပြောတာနဲ့ မျက်နှာ ပျက်ပြီး အံ့ဩသွားတဲ့ ကောင်ငယ်လေး ကို ကြည့်ပြီး သူပါ စိတ်မကောင်း ဖြစ်သွားသည်။ ဒီကောင်လေး နဲ့ ဘောစ့်က ခုလို ခရီးသွားတာကို ပြောပြလို့ ရတဲ့ထိ ခင်တဲ့ အနေထား မဟုတ်ဘူးလား။ သူတို့က ဟိုတစ်ခါ ကောင်လေး ပြခန်းကို လာတာမြင်ကတည်းက ဘောစ့်နဲ့ ရင်းနှီးတဲ့ အသိတွေ ထင်နေခဲ့တာ။

ရိပေါ် ကိုကို ပြင်သစ် သွားခဲ့ပြီဆိုတာနဲ့ ပြခန်းကနေ အရုပ်ကျိုးပျက် ပြန်ထွက်လာခဲ့သည်။

' ကိုကို နေနိုင်လိုက်တာ။ ဒီလောက် ဝေးတဲ့ နေရာ သွားတာကို တစ်ခွန်းမှ မပြောသွားဘူး။ ဒီက လိုက်မှာ စိုးလို့လား။ လေယာဉ်ချိန်က ည မှကို ခုကတည်းက ထွက်သွားရလောက်တဲ့ထိ ကျနော့်ကို မမြင်ချင်တာကြီးကတော့ ကိုကို အရမ်း သရုပ်ပျက်တယ်။ ပြီးတော့ ကျနော် လိုက်ချင်ရင်တောင် လိုက်လို့ မရဘူး သိလား!!!!

အဲ့ဒီ ... စာမေးပွဲကလည်း ဘယ်သူကများ ထွင်လိုက်တာလဲ ... မဖြေရင် အတန်း မတက်ရဘူး ဆိုတာက ပါသေးတယ်။'

ရိပေါ် မကျေမနပ် နဲ့ ပြောရင်း ပြခန်းရှေ့မှာ ထားတဲ့ ကိုကို့ ကား နား ရောက်တာနဲ့ ကား ဘီးကို ခြေထောက်နဲ့ ပိတ်ကန်ပစ်လိုက်သည်။

' ဖုန်း !!!!.'

' အ !!!! အ !!!! အား ... နာလိုက်တာ။'

သူများ ကား ကို ကန်ချင်တာနဲ့ပဲ အနာ ဖြစ်ဖူးတဲ့ ခြေထောက်နဲ့ ကန်မိလိုက်တဲ့ ဝမ်ရိပေါ် တစ်ယောက် ပြန်နာသွားတဲ့ ခြေထောက်ကို ကိုင်ပြီး ခုန်ဆွ ခုန်ဆွ ဖြစ်နေပါသည်။

Papillon  ( Completed )Where stories live. Discover now