Ep - 16

1K 59 4
                                    

ပေကျင်း ...

ဝမ် အိမ်ရဲ့ ခြံဝင်းထဲတွင် ဝမ်ရိပေါ် တစ်ယောက် ဖုန်းကိုင်ပြီး ဟိုဟို ဒီဒီ လျှောက်နေပါသည်။

' ကိုကိုက ဘာလုပ်နေတာလဲ။ အကောင့်က မီးစိမ်းနေပြီး ခေါ်တာကျ မကိုင်ဘူး။'

~~~~~~~~~~~

တရုတ်မှာ သူ့ကိုကို နဲ့ စကားပြောရဖို့ စောင့်နေတဲ့ ကောင်လေးလည်း ရှိနေသလို ...

ပြင်သစ်မှာလည်း ပန်းချီ ပြပွဲအတွက် သူ့ပန်းချီကို ပြပွဲမှာ သွားပေးနေရလို့ ရှောင်းကျန့် တစ်ယောက်လည်း မအားပါဘူး။

ရှောင်းကျန့် သူ့ရဲ့ ပန်းချီကို ပြင်သစ် ရောက်မှ ဘောင် ပြန်သွင်းပြီး ပြပွဲမှာ ပြသဖို့ ပြပွဲခန်းမ က တာဝန်ရှိသူကို ပေးလိုက်ရင်း သူကတော့ ပြပွဲ ခန်းမထဲမှာ သူ့ပန်းချီထက် အရင် ချိတ်ထားနှင့်နေပြီ ဖြစ်တဲ့ တစ်ခြား ပန်းချီကားတွေကို လျှောက်ကြည့်နေလိုက်သည်။

' ရှောင်း ... နင် ဓာတ်ပုံ ရိုက်အုံးမလား။'

ရှောင်းကျန့် သူ ပန်းချီတွေကို လိုက်ကြည့်နေတုန်း သူ့နောက်က အသံကြောင့် စိတ်ရှုပ်ထွေးတဲ့ မျက်နှာ ဖြစ်သွားခဲ့သည်။

တစ်ယောက်တည်း နေလာတာ ကြာသွားလို့လားတော့ မသိ ... အခုချိန်မှာ ကိုယ့်အနား အရမ်းကပ်ပြီး အလိုက်ကမ်းဆိုး မသိတဲ့ လူတွေ ရှိလာရင် စိတ်က အလိုလို မကြည်လာတော့ပါ။

ရှောင်းကျန့် စိတ်ဆိုးတဲ့ ပုံစံ နဲ့ လေသံလည်း မပြချင်တာကြောင့် မျက်နှာတည်နဲ့ပဲ နောက်ကို လှည့်ကြည့်လိုက်ပြီး ...

' ယုံးမိန် ... မင်းရဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီ ဆိုပေမယ့် ခုလို ငါ့အနားမှာ လာနေ နေတာမျိုးတော့ မလုပ်သင့်ဘူး ထင်တယ်။ ပြီးတော့ မင်းနဲ့ ငါ မဖြစ်နိုင်ဘူးဆိုတာ ဟိုးအရင်ကတည်းက ပြောပြီးသားပဲလေ။ ပြီးတော့ ဘာကြောင့် မဖြစ်နိုင်တာလဲ ဆိုတာကိုလည်း မင်း သိနေတာပဲ။'

' မဖြစ်နိုင်တာက ကျိန်စာကြောင့်လေ။ ရှောင်း လည်း ငါ့ကို ချစ်နေသေးတာပဲ မဟုတ်ဘူးလား။ ငါလည်း ရှောင်းကို ချစ်နေသေးတယ်။ အခုလို ထပ်တွေ့ရတော့ ရှောင်း နဲ့ ပိုပြီး ထပ်မဝေးချင်တော့ဘူး။ ပြီးတော့ အစကတည်းက အဲ့ဒီ ကျိန်စာကို ယုံချင်တာ မဟုတ်ဘူး။ အဲ့ဒါကြောင့် နောင် ဘာပဲ ဖြစ်လာ ဖြစ်လာ နောင်ကိစ္စ နောင်မှ ရှင်းပြီး ငါတို့ အခု တွဲကြရအောင်။'

Papillon  ( Completed )Where stories live. Discover now