Ep - 37

934 45 2
                                    

ပေကျင်းနဲ့ မိုင် အနည်းငယ် ဝေးသည့် မြို့မှာ ခေတ်မီတဲ့ တိုက်အိမ်တွေ များစွာ ရှိတဲ့ အထဲက အဖြူရောင်ဆေးဖြင့် သုတ်ထားသော နှစ်ထပ်အိမ် တစ်အိမ်တွင် အမျိုးသားကြီး တစ်ယောက်နှင့် အတူ အဲ့ဒီအမျိုးသားနဲ့ မျက်နှာချင်း နည်းနည်းဆင်တဲ့ မိန်းကလေး တစ်ယောက် အိမ်ထဲကို လှည့်ပတ် ကြည့်နေပါသည်။

' ပါး ... ဒီအိမ်လေးကို ဘယ်လို ရှာတွေ့ထားတာလဲ။ အခန်းတွေလည်း ကျယ်တယ်။ ပြီးတော့ သန့်ရှင်းရေးကလည်း ဘာမှတောင် သိပ်လုပ်စရာ မလိုတော့ဘူး ထင်တယ်။ ကြည့်ရတာ အရင် ပြောင်းသွားတဲ့ လူတွေက အသန့်အရှင်း ကြိုက်ပုံ ရတယ်။'

' အင်း ... ဟုတ်တယ်။ အရင် ပြောင်းသွားတဲ့ လူကလည်း ဆရာဝန်ပဲလေ။ သူ့မိသားစုက နိုင်ငံခြားမှာ မို့လို့ သူ့ကိုလည်း အတင်းခေါ်နေတာကြောင့် သူက မရောင်းချင်ပဲ ရောင်းပြီး သွားလိုက်ရတာ။'

ချုံးမင် သူ့ ပါး ပြောတာကို ခေါင်း တငြိမ့်ငြိမ့် လုပ်လိုက်ပြီး ...

' ဪ !!! အဲ့ဒါကြောင့် ကုတင်တွေရော၊ အခန်းတွေ ပါ ဖွဲ့ထားပြီးသား ဖြစ်နေတာပေါ့။'

' ဟုတ်တယ်။ သူက အရင် သူ့ပစ္စည်းတွေ ဘာမှမယူသွားဘူး။ ဆေးတွေလည်း ရှိသေးတယ်။'

ချုံးမင် လိုက်လျှောက်ကြည့်ရင်း ဗီဒိုတွေမှာ ဖွင့်ကြည့်တော့ ဆေးတွေ၊ တစ်ခါသုံး ဆေးထိုးအပ်တွေပါ အများကြီး သူ့နေရာ နဲ့ သူ ထား ထားတာကို တွေ့လိုက်ရသည်။

' ဆေးတွေလည်း တော်တော် စုံနေသေးတာပဲ။ ပြီးတော့ အကောင်းတွေ၊ ဒီမြို့မှာ ပြည်သူ့ဆေးရုံကလည်း ရှိနေတော့ ဒီလို ဆေး အကောင်းတွေနဲ့ လာကုမယ့် လူနာရော ရှိပါ့မလား။ လာကုတဲ့ လူနာ ရှိရင်လည်း အဲ့လူနာတွေဆီက ပိုက်ဆံကို ဘယ်လိုများတောင်းတာလဲ မသိဘူးနော်။'

' အရင် ဆရာဝန်က ပိုက်ဆံကြောင့် ဖွင့်တာ မဟုတ်ဘူးလို့ ကြားတယ်။ သူ့ ဝါသနာအရ ဆရာဝန် ဖြစ်အောင် လုပ်ပြီး လာကုတဲ့ လူနာတွေက ပိုက်ဆံ သိပ်မရှိရင် စမ်းသပ်ခ လောက်ပဲ ယူပြီး ဆေးဖိုးက ပရဟိတ လုပ်တာတဲ့။'

' ကောင်းတာပေါ့။ ဒီဘဝမှာလည်း တော်တဲ့ ဆရာဝန် ဖြစ်နေပြီကို၊ ခုလို စိတ်ထားကောင်းပြီး စေတနာ ထပ်ကောင်းတော့ နောက်ဘဝ အတွက်က ဆုတောင်းစရာတောင် မလိုလောက်တော့ဘူး။'

Papillon  ( Completed )Where stories live. Discover now